Chapter - 34

1.4K 197 1
                                        

Unicode

၁၇၀၈။ လမ်းလျှောက်ထွက်မယ်

ဆွဲပြားက စိတ္တဇကျောင်းဆရာဝန်ဆီမှာပဲဟာ၊ သူ ဘာကိုများရှာတွေ့နိုင်မှာတုန်း?

ကိစ္စတွေအများကြီးဖြစ်သွားခဲ့ပြီး ညအချိန်မှာ လူတစ်ယောက်ထပ်သေသွားခဲ့သည်။ ကောင်းကင်က ဖြည်းဖြည်းချင်းလင်းချင်းလာကာ နေ့သစ်တစ်နေ့ရဲ့အာရုဏ်ဦးကို ယူဆောင်လာခဲ့၏။

နဉ်ရှုရဲ့မျက်လုံးတွေနာနေသည်။ သူမ တစ်ညလုံးပနားမယူဘဲ ကျင့်ကြံတာလည်းမလုပ်ခဲ့ဘူး။ ရလဒ်ကတော့ သူမတစ်ကိုယ်လုံး အတော်လေးမအီမသာဖြစ်နေတာပဲ။

အဖွားအိုနဲ့ရှောင်လန်က အခန်းထဲကထွက်လာကာဆိုသည်။

"ဒီနေ့က ငါ မင်းတို့ကို လက်ခံထားမယ့်နောက်ဆုံးနေ့ပဲ။ မနက်စာစားပြီးရင် မင်းတို့ ထွက်သွားတော့။"

ဒီတစ်ကြိမ်မှာတော့ ရှောင်လန်က ဘယ်သူ့ကိုမှခေါ်ထားဖို့ သူ့အဖွားကိုမပြောချေ။

"ဟုတ်ပြီလေ၊ ဒါဆိုလည်း ဒီကသွားကြစို့။"

ဖန့်ကျွင်းယန်ကပြောသည်။

"‌ဘယ်ကိုသွားမှာလဲ? ဘယ်လိုသွားကြမှာလဲ ခေါင်းဆောင်?"

"ငါတို့ ဒီမလာခင်က ဘတ်စ်ကားစီးလာကြတာ။ အခု နှင်းတွေက အရမ်းထူလွန်းနေတော့ ကားတွေတောင်မဖြတ်နိုင်ကြဘူး။"

"ပြီးတော့ ဒီလိုရာသီဥတုမျိုးမှာ လမ်းပျောက်ဖို့လွယ်တယ်။"

"ငါတို့က ဒီနေရာနဲ့လုံးဝမရင်းနှီးဘူးလေ။"

"..."

လူအုပ်ကြီး ဒီအကြောင်း‌ဆွေးနွေးနေသည်မှာ အချိန်ခဏကြာသွားပေပြီ။ သူတို့ အမှန်ပင်သွားချင်ပါသော်ငြား သူတို့သာ အပြင်တကယ်ထွက်သွားပါက သူတို့ အသက်ရှင်နိုင်မည်မဟုတ်ပေ။ သူတို့ ဒီမှာပဲနေနေ၊ ထွက်ပဲသွားသွား သောင်းချီတဲ့foot dropတွေကိုရင်ဆိုင်ရမည်ဖြစ်၏။

[T/N : foot dropကလေ ခြေထောက်ရှေ့ပိုင်းကိုမဖို့အခက်အခဲဖြစ်တာကိုပြောတာပါ။ လမ်းလျှောက်ရင် ခြေထောက်တရွတ်တိုက်နေတတ်တာပေါ့။ ဒီမှာနှင်းတွေကျထားတာအရမ်းထူလို့တင်စားပြောတာလားတော့မသိ။]

လူသတ်ကောင်ဘယ်သူလဲ?(Realm - 26) [Myanmar Translation]Nơi câu chuyện tồn tại. Hãy khám phá bây giờ