Chapter - 10

2.3K 293 10
                                        

Unicode

၁၆၈၄။ မစင်နံ့တွေသယ်ဆောင်လာ
_______________________

အိမ်ထဲကမိသားစုမှာ ခွေးတစ်ကောင်တောင်မရှိဘူး။ လူသတ်သမားက ပြစ်မှုကျူးလွန်ဖို့ ဘယ်လိုလုပ်အချိန်ရတာလဲ?

နဉ်ရှု စိတ်ရှုပ်လာသည်။ ဒါက အရမ်းရှုပ်ထွေးလွန်းတယ်။

အလောင်းက နောက်တစ်ချက်မကြည့်နိုင်လောက်အောင်ရွံဖို့ကောင်းလွန်းနေတာမို့ နဉ်ရှုက အလောင်းကို နှင်းထုထဲမှာမြှုပ်လိုက်သည်။

လူတွေအုံနေတဲ့ဧည့်ခန်းထဲ နဉ်ရှုလျှောက်ဝင်လာသည်နှင့် သူမဆီက မစင်နံ့တွေပျံ့လွင့်လာသည်။ အန်ကယ်က နဉ်ရှုကိုလက်ညှိုးထိုး၏။

"အခန်းအပြင်မှာနေ။"

နဉ်ရှု : ...

"ကျွန်မမှာပြောစရာရှိတယ်။"

နဉ်ရှုကပြောသည်။ ပြီးတော့ အမှန်အတိုင်းပြောရရင်လေ သူ့ရဲ့ဒီအသန့်ကြိုက်ရောဂါက တကယ်စိတ်တိုဖို့ကောင်းတယ်။

"သေသူရဲ့ကိုယ်ပေါ်မှာ တိရစ္ဆာန်တစ်ကောင်ဆီကဖြစ်နိုင်လောက်တဲ့ ကုတ်ခြစ်ရာတွေနဲ့ကိုက်ရာတွေရှိတယ်။"

"သေစေနိုင်တဲ့ဒဏ်ရာကဘယ်မှာလဲ?"

"သူ့နှလုံးမရှိတော့ဘူး။"

"အသားစားတိရစ္ဆာန်တွေက အဓိကကျပြီးအားနည်းတဲ့နေရာကိုအမြဲတိုက်ခိုက်တတ်တယ်။"

အန်ကယ့်ရဲ့လက်ချောင်းရှည်တို့က သူ့လည်ပင်းကိုညွှန်ပြလာ၏။

"ဒီနေရာက အားအနည်းဆုံးနေရာပဲ။"

"နှလုံးကို ရင်ခေါင်းပေါက်နဲ့ကာကွယ်ထားတယ်။ အဲ့နေရာတိုက်ခိုက်ခံရတဲ့အခါ လူတစ်ယောက်အနေနဲ့ တစ်ချက်တည်းနဲ့သေဖို့မဖြစ်နိုင်ဘူး။"

နဉ်ရှုရဲ့မျက်လုံးတွေချာလပတ်လည်သွားသည်။ ဒါဆို သေသူက တိရစ္ဆာန်အကိုက်ခံရတာမဟုတ်ဘဲ ဒဏ်ရာတွေက လူလုပ်ထားတာဖြစ်နိုင်တယ်ပေါ့။

သေသူရဲ့ကိုယ်ကို လက်သည်းနဲ့ကုတ်ရင်ရော?

"ကျွန်တော်တို့ဘာလုပ်သင့်လဲအကြံပေး?"

ဖန့်ကျွင်းယန်က အန်ကယ့်ကိုမေးသည်။

"ဒီကနေထွက်သွားကြရအောင်ဗျာ။"

လူသတ်ကောင်ဘယ်သူလဲ?(Realm - 26) [Myanmar Translation]Donde viven las historias. Descúbrelo ahora