Chapter - 11

1.7K 250 13
                                        

Unicode

၁၆၈၅။ အစ်မ ညီမကိုကြောက်နေတာလား?
______________________

နဉ်ရှုက ရှောင်လန့်ကိုဖြတ်လျှောက်သွားသည်။ သူမက သစ်သားတုတ်တစ်ချောင်းနဲ့ နောက်မီးဖိုတွင်းတစ်ခုထဲကပြာတွေကိုထုတ်လိုက်သည်။

"ဒီမှာပါရှင့်။"

ရှောင်လန်က နဉ်ရှုကို မီးဆွတံတစ်ချောင်းကမ်းပေးသည်။

နဉ်ရှုက မီးဆွတံကိုတစ်ချက်ကြည့်လိုက်ပြီးနောက် မီးရောင်နဲ့လင်းထိန်နေတဲ့ရှောင်လန့်မျက်နှာကိုကြည့်သည်။

နဉ်ရှုက သူမကိုကမ်းပေးလာတဲ့မီးဆွတံကိုစိုက်ကြည့်နေတာမို့ ရှောင်လန်က မနေတတ်စွာဖြင့် သူမလက်ကိုပြန်ရုတ်၏။

"အစ်မ ညီမကိုကြောက်နေတာလား?"

"မကြောက်ပါဘူး။"

နဉ်ရှုက မီးဆွတံကိုယူလိုက်သည်။

"ကျေးဇူး။"

နဉ်ရှုက ပြာနဲ့ရောထားတဲ့ရေနဲ့ သူမလက်ကိုဆေးကာ နမ်းကြည့်လိုက်သည်။ သူမရဲ့လက်တွေမှာမစင်နံ့မရှိတော့ပေမယ့် သူမကိုယ်မှာစွဲနေတဲ့အနံ့ကတော့ ကျန်ရှိနေသေးသည်။

နဉ်ရှုက ရှောင်လန့်ကိုကြည့်ကာမေးသည်။

"ညီမ စားပြီးပြီလား?"

နဉ်ရှုက သူမကိုစကားစပြောလာတာမို့ ရှောင်လန်ပျော်သွားသည်။ သူမက အပြုံးလေးနဲ့ဆိုသည်။

"ညီမတို့မစားရသေးပါဘူး။ ဖွားဖွားက အစ်မတို့စားပြီးတဲ့အထိစောင့်ကြမယ်လို့ပြောတယ်။"

ရှောင်လန့်စကားသံက အတော်လေးဝဲတာမို့ နဉ်ရှုအတွက် နားလည်ရခက်နေသည်။

"နင်ကဒီမှာကိုး။"

မိန်ကျီချင်းက အထဲဝင်လာကာ နဉ်ရှုကို အနက်ရောင်ဂျုံပေါက်စီတစ်လုံးပေးသည်။

နဉ်ရှုက သူမကို အပြုံးလေးနဲ့ကျေးဇူးတင်လိုက်ပြီး ပေါက်စီကိုဝါးတော့သည်။ မိန်ကျီချင်းက ရှောင်လန့်ကိုကြည့်လိုက်ပြီးနောက် နဉ်ရှုကိုပြောသည်။

"နင့်ကို အကြံပေးခေါ်နေတယ်။"

"အို။"

နဉ်ရှုက မိန်ကျီချင်းနောက်ကနေလိုက်ကာ မီးဖိုခန်းထဲကထွက်လာသည်။ ပြန်လှည့်ကြည့်မိချိန်မှာ ရှောင်လန်က သူမတို့ထွက်သွားရာဘက်ကို ငေးငိုင်ကာကြည့်နေသည်ကို နဉ်ရှုတွေ့လိုက်ရ၏။

လူသတ်ကောင်ဘယ်သူလဲ?(Realm - 26) [Myanmar Translation]Место, где живут истории. Откройте их для себя