Chapter - 29

913 139 3
                                    

Unicode

၁၇၀၃။ ငါမသေခင် ငါ့ခံစားချက်တွေ မင်းကိုပြောပြသွားချင်တယ်

အဖွားအိုက မျက်နှာမသာမယာနဲ့ တောင်ဝှေးကို ကြမ်းပေါ်မှာဆောင့်ချသည်။

"မင်းတို့ကိုကယ်ပြီး ငါနဲ့ငါ့မြေးက ငတ်သေတော့မယ်။ မင်းတို့ကရော ဘာလို့ ငါတို့အတွက်တွေးမပေးတာဘဲ?"

ဖန့်ကျွင်းယန် သက်ပြင်းချမိသည်။ ဒါက ဖြေရှင်းလို့မရတဲ့အခြေအနေပဲ။

"တခြားအိမ်တွေမှာ ဆန်ရှိလားမေးကြည့်ဖို့ကလွဲပြီး ရွေးစရာမရှိတော့ဘူး။"

အဖွားအိုက တောင်ဝှေးကိုဆောင့်ချကာ ဧည့်ခန်းဘေးရှိအခန်းတစ်ခန်းထဲဝင်သွားသည်။ ရှောင်လန်က အဖွားအိုရဲ့အင်္ကျီစကိုကိုင်ဆွဲကာ သူမနဲ့အတူ အခန်းထဲလိုက်ဝင်သွားသည်။

နဉ်ရှု မျက်လုံးတို့ကိုမှေးကျဉ်းလိုက်မိသည်။ သူမ ဖန့်ကျွင်းယန်နဲ့ရှောင်လန်တို့ဆွဲထားတဲ့ကြိုးနီတွေကိုကြည့်နေခဲ့တာ။ အဲ့ကြိုးတွေက ဆင်တူတယ်ဆိုတာ သူမ အတော်လေးသေချာနေတယ်။

တခြားသူတွေမှာရော ဆင်တူတဲ့ကြိုးနီတွေရှိလားဆိုတာသိရဖို့ နဉ်ရှု သူတို့လည်ပင်းတွေကိုလိုက်ကြည့်မိသည်။

သို့သော်ငြား အခုက ဆောင်းရာသီမို့ အားလုံးက အဝတ်အထူကြီးတွေဝတ်ထားကြသည်။ တချို့က သူတို့လည်ပင်းတွေကို အအေးဒဏ်ကနေကာကွယ်ဖို့ လည်စည်းတွေစည်းထားသည်။ အဝတ်အောက်ကို မမြင်ရပေ။

အခွင့်ရရင် သူမ ဖန့်ကျွင်းယန်နဲ့ရှောင်လန်တို့လည်ပင်းမှာဆွဲထားတဲ့အဲ့ကြိုးတွေကို သူမ ယူရမယ်။

ဒီည ဘယ်မှမသွားဖို့ အန်ကယ်က အားလုံးကို တင်းတင်းကြပ်ကြပ်မှာထားသည်။ အိမ်သာသွားချင်တာဖြစ်ဖြစ်၊ တခြားကိစ္စလုပ်ချင်တာပဲဖြစ်ဖြစ် အရင် အသိပေးရမည်ဖြစ်၏။

တချို့က စောင်တစ်ထည်ယူကာ သူတို့ကိုယ်ပေါ်မှာလွှမ်းခြုံလိုက်ကာ အနွေးဓာတ်ကိုမျှယူဖို့အတွက် အချင်းချင်းပူးကပ်နေကြသည်။

နဉ်ရှုက ထောင့်လေးတစ်ထောင့်မှာ မျက်လုံးတွေမှိတ်ကာထိုင်နေသည်။ သူမက ကျင့်ကြံနေတာဖြစ်သော်ငြား အိပ်ပျော်နေသလိုထင်ရ၏။

လူသတ်ကောင်ဘယ်သူလဲ?(Realm - 26) [Myanmar Translation]Donde viven las historias. Descúbrelo ahora