Chapter - 6

2.7K 371 61
                                        

Unicode

၁၆၈၀။ ငါခွဲစိတ်ပြီးတဲ့အထိစောင့်
________________________

နဉ်ရှုခမျာ အလောင်းကို အောက်ထပ်ရောက်‌အောင် ခက်ခက်ခဲခဲသယ်လိုက်ရသည်။ လူသေအလောင်းတစ်လောင်းကို ဒီလိုသယ်ရတာ တကယ်ကျောချမ်းဖို့ကောင်းတယ်။

နဉ်ရှုမှာ သူမကိုယ်သူမလည်းအထင်ကြီးလိုက်မိ၏။ သူမရဲ့အခုခန္ဓာကိုယ်က ပြိုင်ဘက်ကင်းသိုင်းပညာမလေ့ကျင့်ရသေးတာမို့ အရမ်းကြီးမသန်မာချေ။ အလောင်းကို ခြံထဲရောက်အောင်သယ်ပြီးချိန်မှာ နဉ်ရှု အတော်မောနေပြီဖြစ်ပြီး မနည်းအသက်ရှူနေရသည်။

မြေပေါ်ကနှင်းတွေက ခြေသလုံးထိထူပြီး နှင်းတွေပိန်းနေအောင်ကျတုန်းရှိနေသည်။ ဒီလိုရာသီဥတုမှာ သူမတို့လမ်းလျှောက်လို့မရသလို ကားမောင်းလို့လည်းမရ‌ပေ။

ဘာလို့များ ဒီနည်းနဲ့သေကြောင်းကြံရတာလဲ? ဒါက တကယ်ကို 'မလုပ်ရင်မသေဘူး'ဆိုတာပဲ။

နဉ်ရှုက အလောင်းကို ခြံစည်းရိုးအခြေမှာ ခက်ခက်ခဲခဲချလိုက်သည်။ အလောင်းက ပိုးဂွမ်းထည်ညဝတ်အင်္ကျီအထူကြီးဝတ်ထားသည်။ မျက်စိအထိုးခံထားရတဲ့ဘက်မှာ အနက်ရောင်မျက်တွင်းပေါက်ကြီးရှိပြီး နောက်မျက်လုံးတစ်လုံးကတော့ ပြူးကျယ်နေ၏။ ဒါက ကြောက်ဖို့ကောင်းတဲ့မြင်ကွင်းပင်။

နဉ်ရှုက အလောင်းပေါ်မှာတခြားဒဏ်ရာတွေရှိလားကြည့်ဖို့ အလောင်းကို အဝတ်ချွတ်လိုက်ဖို့တွေးနေသည်။

"မင်းကဝက်လား?"

သူမနောက်ကနေ အန်ကယ့်အသံထွက်လာသည်။

"ငါ မင်းကို ဒီအလောင်းကို အောက်ထပ်သယ်ဖို့ပဲပြောတာ၊ ခြံထဲထုတ်လာဖို့ပြောတာမဟုတ်ဘူး။ နှင်းတွေက တအားကျနေတာ၊ အလောင်းကိုဖုံးသွားမှာပေါ့။ အနည်းဆုံးတော့ မလွှင့်ခင် ငါခွဲစိတ်ပြီးတဲ့အထိစောင့်လေ။"

နဉ်ရှု : ...

နဉ်ရှု အကူအညီမဲ့နေသလိုခံစားလိုက်ရသည်။ ဒါက သူ့အမှားဆိုတာအသိသာကြီးကို။ သူမှရှင်းအောင်မပြောတာလေ၊ ဟုတ်တယ်နော်?

အလောင်းကိုအပြင်မထုတ်ရင် အိမ်ထဲမှာပဲထားပြီး ဒါကြီးနဲ့အတူတူအိပ်ရမှာလား?

လူသတ်ကောင်ဘယ်သူလဲ?(Realm - 26) [Myanmar Translation]Donde viven las historias. Descúbrelo ahora