Chapter - 21

1.6K 249 10
                                        

Unicode

၁၆၉၅။ ငါ သူတို့ကိုမသတ်ဘူး။ ငါ သူတို့ကိုမသတ်ဘူး...
__________________

"ငါ သူတို့ကိုမသတ်ဘူး။ ငါ သူတို့ကိုမသတ်ဘူး။"

လျိုမန်မန်က ရေရွတ်သည်။ သူမရဲ့မျက်နှာကဖြူရော်နေ၏။

"နင် သူတို့ကိုမသတ်ရင် ဘာလို့ ရူးချင်ယောင်ဆောင်နေသေးတုန်း?"

လုရှန်းရှန်းက သရော်သည်။

"နင် ဖုံးကွယ်ဖို့ကြိုးစားနေတာကို နင်ကိုယ်တိုင် ဖော်ပြလိုက်ပြီ။"

"ငါ..."

လျိုမန်မန်က နှုတ်ခမ်းတို့ကိုတင်းတင်းစေ့၏။ ပြောလာတဲ့သူမဟန်က ကျိန်ဆိုနေသလိုပင်။

"ငါ တကယ် ဘယ်သူ့ကိုမှမသတ်ဘူး။ ငါ မသတ်ဘူး။"

"မင်း ကိုယ်ဝန်ရှိနေတယ်။"

အန်ကယ်က အရေးမစိုက်စွာဆိုသည်။

လျိုမန်မန် မျက်လုံးပြူးလိုက်မိကာ သူမဗိုက်ကို အလိုလိုကာလိုက်မိသည်။ ကျန်လူတွေက သူမကို ထူးထူးဆန်းဆန်းအမူအရာနဲ့ကြည့်လာကြသည်။

လျိုမန်မန်ရဲ့မျက်နှာက ရှက်ရွံ့မှုကြောင့်နီရဲလာ၏။

"ကျွန်မမှာကိုယ်ဝန်မရှိဘူး။ မရှိဘူး..."

သူမက အပြစ်ကင်းကြောင်းပြဖို့ သူမရဲ့ဗိုက်ကိုထိုးလိုက်သည်။

သို့သော်ငြား နှစ်ချက်မျှထိုးပြီးနောက်မှာ သူမရဲ့မျက်နှာကဖြူဖျော့လာ၏။ သူမ ထပ်မထိုးရဲတော့ပေ။

နဉ်ရှု လျိုမန်မန့်ကိုကြည့်မိရသည်။ စောစောတုန်းက မိန်းကလေးတစ်ယောက် ကိုယ်ဝန်ရှိနေတယ်လို့ မိန်ကျီချင်းပြောတယ်။ ဒီတော့ အဲ့ဒါ လျိုမန်မန်ပေါ့။

မိန်ကျီချင်းက ဝိဉာဉ်ကိုမြင်နိုင်တယ်ဆိုရင် အန်ကယ်ကရော လျိုမန်မန့်ကိုယ်ထဲက အပိုဝိဉာဉ်ကိုမြင်နိုင်တာလား?

နဉ်ရှုတစ်ယောက် ဘာမဟုတ်တာလေးအတွက်နဲ့ ဦးနှောက်အစားခံနေတယ်လို့တွေးလိုက်မိ၏။ ပထမမျိုးဆက်တာဝန်ထမ်းဆောင်သူအနေနဲ့ သူ သေချာပေါက်မြင်နိုင်တာပေါ့။

"မင်း ဘာလို့ သူတို့ကိုသတ်ရတာလဲ? ပြီးတော့ ဒီလိုရက်ရက်စက်စက်နည်းလမ်းမျိုးနဲ့။"

လူသတ်ကောင်ဘယ်သူလဲ?(Realm - 26) [Myanmar Translation]Opowieści tętniące życiem. Odkryj je teraz