Unicode
၁၆၉၉။ အရည်အချင်းမီတဲ့အလောင်းခွဲစိတ်ကျွမ်းကျင်သူမဟုတ်ဘူး
အနှီကြောက်မက်ဖွယ်မြင်ကွင်းကိုကြည့်ရင်း ဧရာမတူကြီးက သူမနှလုံးသားလေးကိုလာရောက်ထုနှက်နေသလို နဉ်ရှုခံစားလိုက်ရသည်။ သူမ ခေါင်းမူးလာပြီ။
သူမရဲ့ဗိုက်က အန်ချင်စိတ်နဲ့ကျွမ်းသန္တာလန်လို့သွားသည်၊ အထူးသဖြင့် အိမ်က အစာအိမ်နဲ့အူထဲကအညစ်အကြေးတွေနဲ့ရောနှောနေတဲ့သွေးနံ့နဲ့ပြည့်နေတာမို့ပင်။
ရွံစရာကောင်းတယ်။
ဒီတာဝန်က တစ်ကြိမ်ပြီးတစ်ကြိမ် လူတွေရဲ့လက်ခံနိုင်စွမ်းကို စိန်ခေါ်နေတယ်။
အန်ကယ်က ခန္ဓာကိုယ်ကို မျက်နှာသေဖြင့်ကြည့်လိုက်ပြီးနောက် တစ်ဖက်လှည့်သွား၏။ သူကား အလောင်းကိုခွဲစိတ်ဖို့ရည်ရွယ်ချက်ရှိပုံမရပေ။
သူက တကယ်ကိုအရည်အချင်းမီတဲ့အလောင်းခွဲစိတ်ကျွမ်းကျင်မဟုတ်ဘူးပဲ။ ခန္ဓာကိုယ်ကိုခွဲစိတ်ပြီးတာနဲ့ အကုန် အတူတူပဲမဟုတ်ဘူးလား?
နဉ်ရှုက သူမနှာခေါင်းကိုအုပ်ကာ အခန်းထဲဝင်သွားသည်။ အခန်းက ကျဉ်းကျဉ်းလေးဖြစ်ကာ ထောင့်နားမှာ အိမ်သာအနေနဲ့ ယာယီအသုံးပြုတဲ့ထွေးခံခွက်ကလေးရှိသည်။
ညဆို အေးလွန်းတာမို့ ခွက်က ဒီမှာရောက်နေရတာဖြစ်သည်။ သန့်စင်ခန်းက ခြံနောက်ဖေးမှာရှိပြီး လူတွေ အပေါ်တက်လိုက်အောက်ဆင်းလိုက်လုပ်နေကြရင် ဘယ်သူမှ ကောင်းကောင်းနားရမှာမဟုတ်ပေ။ နောက်ပြီး ရာသီဥတုကအေးလွန်းသည်။
အနှီအမျိုးသားမှာ သန့်စင်ခန်းသုံးနေတုန်း ဇောက်ထိုးအချိတ်ခံလိုက်ရသည့်သဘောပင်။
ပိုင်းဖြတ်ခံထားရတဲ့ခန္ဓာကိုယ်က နွေးနေဆဲဖြစ်ကာ အသက်ရှူငွေ့နည်းနည်းကိုမြင်နေရသည်။ အမျိုးသားအင်္ဂါတွေကတော့ မမှတ်မိနိုင်လောက်အောင်ပြောင်းလဲသွားချေပြီ။
သူ့ပါးစပ်ကို အဝတ်စုတ်တွေနဲ့ထိုးပိတ်ထားသည်။ သူ့မျက်လုံးတွေက ပြူးထွက်နေကာ အသက်ငွေ့ငွေ့သာကျန်တော့သည်။ နဉ်ရှုကိုမြင်တဲ့အခါ သူ့မျက်လုံးတွေမှာ တောင်းပန်ဟန်တွေဖြတ်ပြေးသွားပေမယ့် အဆုံးမှာတော့ သူ နောက်ဆုံးထွက်သက်ကိုရှူထုတ်သွားရသည်။
YOU ARE READING
လူသတ်ကောင်ဘယ်သူလဲ?(Realm - 26) [Myanmar Translation]
Mystery / ThrillerName(s) : Quick Transmigration Cannon Fodder's Record of Counterattacks Ning Shu 快穿之炮灰女配逆袭记 Author(s) : Hen Shi Jiao Qing(很是矫情) E-translator(s) : Butterfly's Curse Realm Title : Who's The Murderer?(Realm-26) E-trans l...