Unicode
၁၆၈၃။ အိမ်သာထဲမှာသေတယ်
_______________________
အပြင်ကနေ ကြောက်လန့်တကြားအော်သံတစ်ချက်ထွက်လာပြီး အိမ်ထဲကနေ လူတချို့ပြေးထွက်လာသည်။ ဒီတစ်ကြိမ်မှာတော့ အလောင်းက ခြံထဲမှာသပ်သပ်ခွဲထုတ်ထားတဲ့အိမ်သာထဲမှာဖြစ်သည်။
ဒီလိုကျေးတောရွာတွေမှာ ခြံထဲမှာအိမ်သာကိုသပ်သပ်ခွဲထုတ်ထားတာကပုံမှန်သာဖြစ်၏။
မိန်းကလေးတစ်ယောက်က ကြောက်လန့်သွေးဆုတ်နေတဲ့မျက်နှာနဲ့အော့အန်လျက်ရှိသည်။
နဉ်ရှုက အဲ့နားကိုလျှောက်သွားပြီး မိလ္လာတွင်းထဲလှမ်းကြည့်လိုက်သည်။ အလောင်းက တွင်းထဲမှာပက်လက်မျောနေတာကို သူမတွေ့လိုက်ရသည်။ အလောင်းရဲ့မျက်နှာနဲ့ခေါင်းက အညစ်အကြေးတွေနဲ့ပေကျံနေသည်။
သေသူရဲ့မျက်နှာကရွဲ့စောင်းနေပြီး ပွင့်ဟနေတဲ့ပါးစပ်ထဲမှာ မိလ္လာရည်တွေအပြည့်ရှိနေသည်။
သူမရဲ့အစာအိမ် ပြောင်းပြန်လန်သွားသလိုခံစားလိုက်ရပြီး နဉ်ရှု အန်ချင်လာတော့သည်။
အိမ်သာထဲမှာသေနေတယ်။
အန်ကယ်က နဉ်ရှုကိုလှမ်းပြောသည်။
"ခဏနေ ငါ့ကို အခြေအနေပြန်ပြောပြ။"
သူကလှည့်ထွက်သွားတော့၏။ လုရှန်းရှန်းကလည်း သူမပါးစပ်ကိုအုပ်ကာ ထွက်သွားတော့သည်။
အပြေးအလွှားရောက်လာကြတဲ့တခြားအဖွဲ့ဝသ်တွေလည်း အခင်းဖြစ်ရာနေရာကိုတွေ့သွားပြီး စတင်အော့အန်ကြတော့သည်။ လူတစ်ယောက်အန်တာကိုမြင်လိုက်ရတာက ကျန်နေတဲ့သူတွေကိုပါအန်သွားစေ၏။
သူတို့နိုးလာပြီးတော့ နောက်တစ်ယောက်ထပ်သေသွားပြန်ပြီ။ သူတို့ အခုထိမနက်စာတောင်မစားရသေးဘူး။ နောက်တစ်ယောက်ထပ်သေသွားပြီ၊ သေတာတောင်ဒီလိုပုံစံနဲ့။ အားလုံးက သူတို့ဗိုက်ထဲဘာမှမကျန်တော့တဲ့အထိ အန်ပစ်လိုက်ကြသည်။
"ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်ရတာလဲ?"
ကလပ်ခေါင်းဆောင်ဖန့်ကျွင်းယန်မှာ မနေနိုင်စွာခေါင်းကုတ်မိရတော့သည်၊ သူ့မျက်လုံးတွေကနီရဲနေ၏။
BẠN ĐANG ĐỌC
လူသတ်ကောင်ဘယ်သူလဲ?(Realm - 26) [Myanmar Translation]
Bí ẩn / Giật gânName(s) : Quick Transmigration Cannon Fodder's Record of Counterattacks Ning Shu 快穿之炮灰女配逆袭记 Author(s) : Hen Shi Jiao Qing(很是矫情) E-translator(s) : Butterfly's Curse Realm Title : Who's The Murderer?(Realm-26) E-trans l...
![လူသတ်ကောင်ဘယ်သူလဲ?(Realm - 26) [Myanmar Translation]](https://img.wattpad.com/cover/289935066-64-k546487.jpg)