Chapter - 35

881 151 2
                                    

Unicode

၁၇၀၉။ မဆုံးနိုင်တဲ့အဖြူရောင်လွင်ပြင်ကျယ်ကြီး

နဉ်ရှုက ခရီးဆောင်အိတ်တစ်လုံးကိုဆွဲထားသည်။ ရှေ့ကနေလမ်းလျှောက်နေတဲ့ ကျောင်းဆရာဝန်အန်ကယ်ကို သူမ ကြည့်လိုက်မိသည်။ သူမတို့လမ်းလျှောက်နေတာ ဘယ်လောက်ကြာသွားပြီလဲဆိုတာ ဘုရားပဲသိမယ်။ သူမတို့သာ ဒီအတိုင်းဆက်သွားနေရင် ဘယ်အချိန်မှထွက်သွားနိုင်မှာလဲ?

ဘေးပတ်လည်မှာရှိတာက မဆုံးနိုင်တဲ့အဖြူရောင်လွင်ပြင်ကျယ်ကြီးပဲ။ မြင်ရတာနဲ့တင် စိတ်အားငယ်စေနိုင်တယ်။

ဒါ့အပြင် သူမတို့သာ နှင်းတောထဲကြာကြာနေရင် နှင်းကြောင့်မျက်စိကွယ်တာမျိုးဖြစ်ဖို့ပိုလွယ်တယ်။

နဉ်ရှုက ပြိုင်ဘက်ကင်းသိုင်းပညာကိုလေ့ကျင့်ထားတာမို့ သူမရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံက အဆင်ပြေသည်။ အနည်းဆုံးတော့ သူမ လမ်းလျှောက်နိုင်သေးသည်။ ကျန်လူတွေမှာ လမ်းပင်မလျှောက်နိုင်ကြတော့။

ခြေလှမ်းတစ်လှမ်း,လှမ်းတိုင်း သူတို့ခြေထောက်တွေကိုဆွဲနှုတ်ဖို့ အချိန်အတော်ကြာသည်။ ဒီမှာလမ်းလျှောက်ရတာက အင်မတန်ခက်ခဲလှသည်။

"ကျွန်တော်တို့ နားလို့ရမလား အကြံပေး? ပင်ပန်းလွန်းတယ်။"

ဖန့်ကျွင်းယန်ကပြောသည်။ ကလပ်အသင်းဝင်တွေကလည်း ညည်းညူနေကြပြီ။

အန်ကယ်က သူ့အိတ်ထဲက တဒုတ်ဒုတ်ခုန်နေတဲ့ကျောက်ပြားကိုစမ်းကာ အရေးမစိုက်စွာဆို၏။

"ငါတို့ ခဏလေးပဲလမ်းလျှောက်ရသေးတာ။ မင်းတို့က ဆက်မသွားနိုင်တော့ဘူးပေါ့? ငါတို့လျှောက်လာတာ တစ်မိုင်တောင်မရှိသေးဘူး။"

"အနားယူရအောင်ပါနော်။ ကျွန်မတို့ တကယ်ဆက်မလျှောက်နိုင်တော့လို့ပါ အကြံပေး။"

လုရှန်းရှန်းက သူမရဲ့ခြေထောက်တွေကိုထုနေသည်။

"နော် အကြံပေး။"

"ကောင်းပြီလေ။"

အန်ကယ်က ခေါင်းငြိမ့်သည်။

"အခု ဒီမှာနားကြ။ ခဏနေ ငါတို့ ပြန်ထွက်မယ်။"

လုရှန်းရှန်းကပြုံးကာ သူမရဲ့ခရီးဆောင်အိတ်ပေါ်မှာထိုင်ချလိုက်သည်။

လူသတ်ကောင်ဘယ်သူလဲ?(Realm - 26) [Myanmar Translation]Where stories live. Discover now