Chapter - 45

955 143 1
                                    

Unicode

၁၇၁၉။ ကျွန်တော်တို့ ဆွေးနွေးရအောင်

ဖန်ချန်းနဲ့အန်ကယ်က အချင်းချင်းရင်ဆိုင်နေကြသည်။ သိပ်မကြာခင်မှာပင် သူ့ရဲ့ဝိဉာဉ်ကိုတိုက်ခိုက်တဲ့နည်းလမ်းက အနက်ရောင်ဝတ်ထားတဲ့အမျိုးသားအတွက် နည်းနည်းပဲအသုံးဝင်တယ်ဆိုတာ ဖန်ချန်းသဘောပေါက်သွားသည်။ သူ့ဝိဉာဉ်ကတော့ အကြိမ်နည်းနည်းလောက်သေနတ်နဲ့အပစ်ခံရပြီးနောက်မှာ ဝိဉာဉ်စွမ်းအားတွေ အများကြီးဆုံးရှုံးသွားရသည်။

နက်မှောင်နေတဲ့သေနတ်ပြောင်းဝကိုရင်ဆိုင်မိချိန်မှာ ဖန်ချန်းတစ်ယောက် ကြောက်ဒူးတုန်မိသွားရသည်။

ကောင်းကင်သိစိတ်ကတောင် သူ့ကို မဖယ်ရှားနိုင်ဘူး။ သူလုပ်နိုင်တာ ဘာမှမရှိတော့ဘူး။

ဖန်ချန်းက အန်ကယ့်ကို ယဉ်ကျေးစွာပြောလာသည်။

"ကျွန်တော်တို့ ဆွေးနွေးရအောင်။"

"ဒီတစ်ချက်က မင်းရဲ့ဝိဉာဉ်ကို အစိတ်စိတ်အမွှာမွှာလုပ်ပစ်နိုင်တယ်လို့ငါပြောရင် မင်းယုံမှာလား?"

အန်ကယ်က အေးစက်စွာဆိုသည်။

"မင်းအတွက် အသိစိတ်ရလာဖို့မလွယ်လို့ ငါ မင်းကို အခွင့်အရေးတစ်ခုပေးခဲ့တယ်။ ဒါပေမယ့် မင်းက ဒါကို လက်မခံဘူး။ မင်းကို အသက်ရှင်ခွင့်ပေးတာက လောကကြီးအတွက် အန္တရာယ်ကောင်တစ်ကောင်ချန်ထားလိုက်တာပဲ။"

ဖန်ချန်းက သူ့ရဲ့ကြည့်ကောင်းလှသည့်မျက်ခုံးတို့ကို တွန့်ချိုးလိုက်သည်။

"တစ်ချိန်လုံးကြမ်းကြုတ်နေဖို့လိုလို့လား?"

အန်ကယ်က ဖန်ချန်းရဲ့ဝိဉာဉ်ခန္ဓာဆီ သေနတ်တစ်ချက်လှမ်းပစ်လိုက်သည်။ အသံတိတ်စွမ်းအားက သူ့ရဲ့ဝိဉာဉ်ခန္ဓာကို ဖျက်ဆီးပစ်လုနီးပါးဖြစ်ကာ သူ့ဝိဉာဉ်မှာ ပါးလွှာသွားရ၏။

ဖန်ချန်းတစ်ယောက် ထိတ်လန့်ကာ သူ့လက်ကိုမြှောက်ကြည့်လိုက်သည်၊ သူ့ဝိဉာဉ်ပါးလွှာသွားပြီ။ ဖန်ချန်းက သူ့မူလခန္ဓာထဲ ချက်ချင်းဝင်သွားကာဆိုသည်။

"ကျွန်တော် အရှုံးပေးတယ်။"

နဉ်ရှု : ...

သူမ ပွဲကြီးပွဲကောင်းကြည့်ရတော့မယ်လို့ထင်ထားခဲ့တာလေ! ဒါပေမယ့် သူက မြန်မြန်ပဲပြောင်းလဲသွားတယ်!

လူသတ်ကောင်ဘယ်သူလဲ?(Realm - 26) [Myanmar Translation]Où les histoires vivent. Découvrez maintenant