Chapter - 13

1.1K 196 0
                                    

Unicode

၁၆၈၇။ ကမ္ဘာတစ်ခုတည်ဆောက်တာ?
_______________________

ကမ္ဘာတစ်ခုတည်ဆောက်တာ?

နဉ်ရှုက ဒါကို တိတ်တိတ်လေးမှတ်သားထားလိုက်သည်။ ဒါက ဘာလဲ?

အဆင့်မြင့်တာဝန်ထမ်းဆောင်သူ795က အထူးတာဝန်ထမ်းဆောင်သူတစ်ယောက်အပေါ် ဒီလိုသဘောထားမျိုးရှိနေတယ်။

သူမတို့အိမ်ကိုပြန်ရောက်သွားချိန်မှာ သူမတို့တစ်ကိုယ်လုံးကို နှင်းထူထူတွေဖုံးနေချေပြီ။ နဉ်ရှုက မိန်ကျီချင်းကို သူမကော်လာပေါ်မှာရှိနေတဲ့နှင်းတွေကိုကူညီခါချပေးသည်။

"မင်းတို့တွေ သူ့ကို ပြန်မခေါ်လာနိုင်ကြဘူးပေါ့?"

အန်ကယ့်ကား အရေးစိုက်မှုတစ်စုံတစ်ရာရှိဟန်မတူဘဲ သူ့လေသံက လူ့အသက်တစ်ချောင်းကို အရေးမထားဟန်ဖြင့် ပေါ့ပါးနေသည်။

795က ပခုံးတွန့်သည်။

"သူ ထွက်ပြေးသွားတယ်။"

"သူ့ကိုသွားရှာရအောင်ပါ အကြံပေး။ မဟုတ်ရင် သူ တစ်ခုခုဖြစ်မှာသေချာတယ်။"

ဖန့်ကျွင်းယန်က ပူပန်စွာဆိုသည်။

"သူနဲ့ဖန်ချန်းက ရိုးရာပန်းချီအသင်းရဲ့အတော်ဆုံးအသင်းဝင်တွေပဲ။ သူတို့က ဒီနှစ် နိုင်ငံအဆင့်ပြိုင်ပွဲမှာဝင်ပြိုင်ကြမှာ။"

ဖန့်ကျွင်းယန်ရဲ့မျက်နှာက အတော်လေးဖြူဖျော့နေသည်။

လူအများကြီးသေသွားပြီဖြစ်ပြီး ထိပ်တန်းအဆင့်ရိုးရာပန်းချီကျောင်းသားနှစ်ယောက်လည်း တစ်ခုခုဖြစ်သွားပြီ။

အန်ကယ်က ဂရုမစိုက်စွာဆိုသည်။

"ဒါဆို သူ့ကိုသွားရှာလေ။ ငါ မင်းကိုမတားဘူး၊ ဒါပေမယ့် မင်းပြန်လာနိုင်မယ်လို့ အာမ,မခံဘူးဆိုတာလည်းသိထား။"

"မင်းမှာ ဘာမှဘုပ်စရာမရှိရင် အထဲမှာနေပြီး ဘယ်မှမသွားနဲ့။"

အန်ကယ်ကား သူ့လက်ထဲ၌ ကြောက်မက်ဖွယ်ကောင်းစွာတောက်ပနေသည့်ခွဲစိတ်ဓားကိုကိုင်ထားလေ၏။

ဖန့်ကျွင်းယန်က အိမ်အပြင်ဘက်ကိုလှမ်းကြည့်လိုက်သည်။ ကောင်းကင်က မီးခိုးရောင်တိမ်တွေနဲ့အုံ့မှိုင်းနေ၏။ သူ ရာသီဥတုမဖတ်တတ်ရင်တောင် နှင်းတွေပိုကျလာမယ်ဆိုတာသိသေးသည်။

လူသတ်ကောင်ဘယ်သူလဲ?(Realm - 26) [Myanmar Translation]Where stories live. Discover now