Unicode
၁၆၇၉။ ဖန်းချန်
________________အခန်းထဲမှာ တည်ငြိမ်တဲ့လူက နဉ်ရှုနဲ့မိန်ကျီချင်းသာရှိသည်။ ကျန်မိန်းကလေးတွေက အချင်းချင်းဖက်နေကြ၏။ သူတို့က ဆောက်တည်ရာမရလောက်အောင်ကြောက်ရွံ့နေကြသည်။
နဉ်ရှုက ကုတင်ဘေးနားမှာရှိတဲ့သူမအိတ်ထဲကနေ မှတ်စုစာအုပ်နဲ့ဘောပင်ထုတ်သည်။
သူမက အလောင်းရဲ့အခြေအနေ၊ နာမည်နဲ့သေဆုံးတဲ့ပုံစံတွေကိုချရေးလိုက်သည်။ ထို့နောက် သူမက သဲလွန်စတွေလိုက်ရှာသည်။
နဉ်ရှုက ဂရုတစိုက်ရှာဖွေ၏။ စုတ်တံပေါ်မှာ'ဖန်းချန်'ဆိုတဲ့နာမည်ထွင်းထားတာကိုသူမတွေ့သွားသည်။
ဖန်းချန်က ရိုးရာပန်းချီကလပ်ထဲကယောက်ျားလေးပဲ။
သူ မိန်းကလေးတွေအခန်းကိုဝင်ခဲ့တာလား? သူ ဘယ်လိုလုပ်ဝင်လာတာလဲ? တံခါးကလော့ခ်ချထားပြီး အပြင်ကဖွင့်လို့မရဘူး။ ဒါမှမဟုတ် အခန်းထဲမှာကြံရာပါရှိနေတာလား?
ပြီးတော့ ခံရတဲ့သူက စုတ်တံသူ့မျက်လုံးထဲဖောက်ဝင်သွားတုန်းက ဘယ်လိုဖြစ်လို့မရုန်းရတာလဲ? အိပ်ရာခင်းတွေတောင်ရှုပ်ပွမနေဘူး။ ဒါပေမယ့် တစ်ယောက်ယောက်က ကိစ္စပြီးမှရှင်းလိုက်တာဆိုတဲ့ဖြစ်နိုင်ချေလည်းရှိတယ်။
ဒါပေမယ့် ဘာသံမှမကြားရပြန်ဘူး။ ဒီအခန်းထဲမှာမိန်းကလေးခြောက်ယောက်ရှိပြီး ဘယ်သူမှ အသံတစ်သံမကြားမိကြဘူး။
သူမတို့ တကယ်ပဲအဲ့လောက်တောင်အိပ်ကောင်းနေကြတာလား?
နဉ်ရှုကနှာခေါင်းရှုံ့လိုက်သည်။ ဒီအခန်းထဲ အမွှေးတိုင်တစ်မျိုးမျိုးများထွန်းထားတာလား?
ဒါမှမဟုတ် သူမတို့ဆေးခတ်ခံလိုက်ရတာဖြစ်မလား?
မိန်ကျီချင်းက နဉ်ရှုကိုခေါင်းယမ်းပြလာသည်။
ဒုန်း၊ ဒုန်း၊ ဒုန်း။
တံခါးဆီကနေ တံခါးခေါက်သံအကျယ်ကြီးထွက်လာသည်။
"ဘာဖြစ်နေတာလဲ? တံခါးဖွင့်။"
တံခါးအပြင်ဘက်ကနေ ဆူညံသံတွေထွက်လာသည်။
ESTÁS LEYENDO
လူသတ်ကောင်ဘယ်သူလဲ?(Realm - 26) [Myanmar Translation]
Misterio / SuspensoName(s) : Quick Transmigration Cannon Fodder's Record of Counterattacks Ning Shu 快穿之炮灰女配逆袭记 Author(s) : Hen Shi Jiao Qing(很是矫情) E-translator(s) : Butterfly's Curse Realm Title : Who's The Murderer?(Realm-26) E-trans l...