Chapter - 32

903 151 3
                                    

Unicode

၁၇၀၆။ ကျွန်တော့်ဆွဲပြားပျောက်နေတယ်

နဉ်ရှု အန်ကယ့်ကို တစ်ချက်ခိုးကြည့်လိုက်မိသည်။ သူ့မျက်နှာထားက တည်ငြိမ်နေကာ အပြစ်ရှိစိတ်တစ်စက်လေးမှမရှိချေ။ သူ့အရေပြားက သူမထက်ပိုထူတာသိသာတယ်။

ဖန့်ကျွင်းယန်တစ်ယောက် ကြောက်လန့်ကာ စိုးရိမ်တကြီးဖြစ်နေ၏။

"ဘာတွေဖြစ်နေကြတာလဲ? အခုက ညသန်းခေါင်နော်! မင်းတို့ ဒီမိန်းမအိုကြီးကို ကောင်းကောင်းမွန်မွန်အိပ်ခွင့်မပေးနိုင်ဘူးလား?"

ဘေးအခန်းကနေ အဖွားအိုရဲ့အသံထွက်လာသည်။

"ကျွန်တော် အရေးကြီးပစ္စည်းတစ်ခုပျောက်သွားလို့ပါ အဖွား၊ အခု လိုက်ရှာနေတာပါ။"

ဖန့်ကျွင်းယန်ရဲ့အသံကကျယ်သည်။ အိပ်ပျော်နေတဲ့လူအတော်များများနိုးလာ၏။

ဘေးအခန်းက လှုပ်ရှားသံမကြားရတော့ပေ။ ခဏကြာတဲ့အခါ အဖွားအိုနဲ့ရှောင်လန်နှစ်ယောက်လုံး အဝတ်အစားသပ်သပ်ရပ်ရပ်ဖြင့် အခန်းထဲမှထွက်လာကာမေး၏။

"ဘာပျောက်တာလဲ?"

"ကျွန်တော့်ဆွဲပြားပျောက်နေတာ။ ကျွန်တော် အမြဲဆွဲထားတာ။"

ဖန့်ကျွင်းယန်ကပြောသည်။

အဖွားအိုကမျက်မှောင်ကုတ်၏။ တစ်ချိန်တည်းမှာပင် ရှောင်လန့်ရဲ့အပ်ပေါက်လောက်ပဲရှိတဲ့မျက်စိသူငယ်အိမ်တွေက ကျုံ့သွားပြီး ပိုလို့ပင်သေးငယ်သွားသည်။ သူမက ပါးစပ်ဟကာဆိုသည်။

"ဒီအိမ်ထဲမှာပဲရှိနေလောက်သေးတယ်။ ရှင်ရှာကြည့်ပါ။"

"ဟုတ်တယ်၊ မင်း သေချာရှာပါ။ ဒီအိမ်ထဲမှာပဲရှိရမယ်။ မင်းဘာသာမင်းပစ္စည်းပျောက်ပြီး ငါတို့ခေါင်းပေါ်အပြစ်လာမပုံနဲ့။"

အဖွားအိုက အလောတကြီးဆိုသည်။

နဉ်ရှုရဲ့မျက်လုံးတွေက တစ်ချက်မျှဝင်းလက်သွားပြီး သူမကဆိုသည်။

"ရှောင်လန့်လည်ပင်းမှာလည်း ကြိုးနီရှိနေတယ်၊ တူလား ကြည့်ကြည့်လေ။"

ရှောင်လန်က သူမလည်ပင်းကို ချက်ချင်းထိကာဆို၏။

"အဖွားက ညီမအတွက် ဒီအကာအကွယ်အဆောင်ကို ဘုရားကျောင်းမှာသွားတောင်းပေးထားတာ။ ဒါက ကျောက်ပြားမဟုတ်ဘူး။"

လူသတ်ကောင်ဘယ်သူလဲ?(Realm - 26) [Myanmar Translation]Où les histoires vivent. Découvrez maintenant