Unicode
၁၇၁၀။ ယောက်ျားပိုပီသစမ်းပါ
လေက ပိုပိုပြီးပြင်းလာသည်။ တချို့လူတွေရဲ့နှုတ်ခမ်းတွေက အေးခဲကာခရမ်းရောင်သမ်းလာသည်။ အခြေအနေတွေက အတော်ဆိုးနေပေ၏။
လေအေးက သူမရဲ့အရိုးအက်ကြောင်းတွေထဲထိတိုးဝင်လာသလို နဉ်ရှုခံစားလိုက်ရသည်။ အခုတော့ အရိုးခိုက်အောင်အေးတယ်ဆိုတဲ့စကားပုံကို သူမ နားလည်သွားပြီ။
ပြိုင်ဘက်ကင်းသိုင်းပညာကိုလေ့ကျင့်ထားတာတောင်မှ သူမ အလူးအလဲခံနေရသေးရင် တခြားသူတွေဆို ပြောမနေနဲ့တော့။
"အေးလိုက်တာ။"
လုရှန်းရှန်းမှာ သူမရဲ့လက်မောင်းနှစ်ဖက်ကို မပွတ်ဘဲမနေနိုင်ခဲ့။ သူမက အန်ကယ့်ကိုကြည့်ကာဆိုသည်။
"နှင်းကျတာမရပ်ရင် ကျွန်မတို့ ဒီညကိုကျော်နိုင်မှာမဟုတ်ဘူး။"
၇၉၅က နဉ်ရှုဘေးနားလာရပ်ကာဆိုသည်။
"လုရှန်ရှန်းလုပ်နေတဲ့ပုံကိုကြည့်လိုက်ဦး။ သူက ဘော့စ် သူ့အဝတ်တွေကိုချွတ်ပြီး သူ့ကိုယ်ပေါ်လွှမ်းပေးစေချင်နေတာပဲဖြစ်ရမယ်။"
နဉ်ရှု ၇၉၅ကို မျက်လုံးမှေးကာကြည့်လိုက်မိသည်။
"နင် သဘောထားသေးလွန်းနေတာမဟုတ်ဘူးလား? မိန်းမတစ်ယောက်အပေါ် ဘာလို့ ဒီလိုလုပ်နေရတာလဲ? ယောက်ျားပိုပီသစမ်းပါ။ ပြီးတော့ အဝတ်လေးတစ်ထည်ပဲဖြစ်ရင်တောင် အမျိုးကောင်းသားဆန်သေးတယ်၊ နားလည်လား?"
"ကျစ်၊ ကျစ်၊ ကျစ်..."
၇၉၅ကနှာမှုတ်သည်။
"သူက ဘယ်လိုလူမျိုးလဲဆိုတာ မင်းသိလို့လား?"
"သူက ရှေးခေတ်ကလား?"
နဉ်ရှုကမေးသည်။ နာမည်က လုရှန်းရှန်း၊ နံပါတ်က ၄၉၆လေ။
"ဟုတ်နေဦးမယ်။ သူက ခေတ်သစ်ကမ္ဘာက။ သူက ရှေးခေတ်အဝတ်အစားတွေဝတ်ရင် ကြီးကျယ်သလိုလုပ်လို့ရမယ်ထင်နေရုံပဲ။"
၇၉၅ကပြောသည်။
"ဘာလို့ မိန်းမတစ်ယောက်နဲ့ဖက်ပြိုင်ပြီးရနဲဖြစ်နေရတာလဲ?"
BẠN ĐANG ĐỌC
လူသတ်ကောင်ဘယ်သူလဲ?(Realm - 26) [Myanmar Translation]
Bí ẩn / Giật gânName(s) : Quick Transmigration Cannon Fodder's Record of Counterattacks Ning Shu 快穿之炮灰女配逆袭记 Author(s) : Hen Shi Jiao Qing(很是矫情) E-translator(s) : Butterfly's Curse Realm Title : Who's The Murderer?(Realm-26) E-trans l...
![လူသတ်ကောင်ဘယ်သူလဲ?(Realm - 26) [Myanmar Translation]](https://img.wattpad.com/cover/289935066-64-k546487.jpg)