Chapter - 38

1.4K 195 7
                                        

Unicode

၁၇၁၂။ ခန္ဓာကိုယ်ပြောင်းလိုက်တာ

အကျိုးနည်း။ ကျန်းကျားစန်က ခန္ဓာကိုယ်ပြောင်းလိုက်တာလား?

သောက်ကျိုးနည်း။

ဒါအလုပ်ဖြစ်ရင် မိန်ကျီချင်းကျ ဘာလို့ပြန်မလာတာတုန်း?

သူကရော ဘာလို့ ခန္ဓာကိုယ်ပြောင်းချင်ရတာတုန်း? သူအသတ်ခံရတာကရော သူ့အစီအစဉ်တစ်စိတ်တစ်ပိုင်းပဲလား?

သူက စိတ်ဝိဉာဉ်ကျောက်တုံးတွေနောက်လိုက်နေတာလား? ဒီစိတ်ဝိဉာဉ်ကျောက်တုံးရဲ့အသုံးဝင်ပုံက ဘာလဲ?

သူမ ဘာမှမသိသလို နဉ်ရှုခံစားလိုက်ရသည်။ အဆုံးမှာတော့ သူမ ၂၃၃၃ကို အားကိုးရတော့သည်။ သူမ စိတ်ထဲကနေမေးလိုက်သည်။

"အဲ့ကျောက်တုံးကဘာကြီးလဲ?"

အဲ့ဒါက တကယ်ပဲတန်ကြေးဖြတ်မရဘူးဆို သူမလည်း တစ်တုံးတော့ရအောင်လုပ်ရမယ်။ ဒီတာဝန်က သူမကို အဆင့်မြှင့်ထားတဲ့အကာအကွယ်အဆောင်တစ်ခုကုန်သွားစေခဲ့တာလေ။

ဒီအချိန်မှာ သူမနှလုံးသားလေး သွေးစိမ်းရှင်ရှင်စီးနေတယ်။

"၂၃၃၃၊ နင် ဘယ်သဝေထိုးနေတာတုန်း?"

နဉ်ရှု နေ့တစ်ဝက်လောက်ကြာအောင်ခေါ်နေမိပေမယ့် ၂၃၃၃က တုန့်ပြန်မလာ။

၂၃၃၃ဘာဖြစ်နေတာတုန်း?

စက်ချို့ယွင်းနေတာတော့မဟုတ်လောက်ပါဘူးနော်?

၂၃၃၃ဆီက တုန့်ပြန်မှုမရတဲ့အခါ နဉ်ရှု လက်လျှော့လိုက်သည်။

ဘာဖြစ်ဖြစ် ၂၃၃၃က အဆိုးမြင်မှတ်ချက်တွေပဲပေးတတ်ပြီးနေရာအလကားယူထားတဲ့ဟာပဲ၊ အရေးအကြောင်းဆို အသုံးမကျဘူး။

အန်ကယ်နဲ့ဝမ်ကျယ့်ကို နဉ်ရှု တိတ်တိတ်လေးစောင့်ကြည့်နေလိုက်သည်။ ကျားပါးစပ်ထဲက အစာကိုခိုးတယ်ဆိုတာက စိတ်ကူးယဉ်လို့ပဲကောင်းတာ။ အန်ကယ်က လက်လေးတစ်ချက်ယမ်းရုံနဲ့ ကမ္ဘာတစ်ခုကိုဖျက်ဆီးပစ်နိုင်တဲ့သူ။ သူမသာ သူနဲ့ရင်ဆိုင်ရင် ကျောက်တုံးကို ကြက်ဥနဲ့ပေါက်ခွဲဖို့ကြိုးစားသလိုပဲဖြစ်မှာ။

လူသတ်ကောင်ဘယ်သူလဲ?(Realm - 26) [Myanmar Translation]Where stories live. Discover now