Chapter - 30

855 153 10
                                    

Unicode

၁၇၀၄။ လူရိပ်တစ်ရိပ်ဖြတ်ပြေးသွား

နဉ်ရှု လက်နှိပ်ဓာတ်မီးယူကာပြောလိုက်သည်။

"သွားစို့။"

"အလေးသွားချင်တာ။"

လျိုမန်မန်ကဆိုသည်။

နဉ်ရှု : ...

သူမ လျိုမန်မန့်ကို ခြံထဲခေါ်သွားသည်။

"ဒီမှာကိစ္စရှင်း။"

"ငါ အိမ်သာသွားချင်တယ်။"

လျိုမန်မန့်မျက်နှာကရဲရဲနီနေသည်။

"ဒီမှာပဲကိစ္စရှင်းဟာ။ အိမ်သာက အန္တရာယ်များလွန်းတယ်။ ပြီးရင် နှင်းနဲ့ဖုံးလိုက်။"

နဉ်ရှု ခေါင်းခါသည်။

နှင်းတွေအရည်ပျော်သွားတဲ့အခါ ဒီခြံဘယ်လိုဖြစ်နေမလဲဆိုတာ တွေးရခက်ခက်ပဲ။

‌ချီး၊ သေးနဲ့အလောင်းတွေ။

လျိုမန်မန်တစ်ယောက် ခြံထဲမှာကိစ္စရှင်းဖို့ကလွဲပြီး ရွေးစရာမရှိတော့။

"လူရှိတယ်။"

အနက်ရောင်လူရိပ်တစ်ရိပ်ဖြတ်ပြေးသွားတာကို သူမမျက်ဝန်းထောင့်ကနေ နဉ်ရှုတွေ့လိုက်ရသည်။

နဉ်ရှု လျိုမန်မန့်အင်္ကျီကိုဆွဲလိုက်သည်။ သူမကို မျှားခေါ်ထုတ်ဖို့ကြိုးစားတာမှန်းသိသာနေတဲ့အရိပ်မည်းနောက် သူမ လိုက်မသွားခဲ့။

အန်ကယ်က တံခါးဝမှာရပ်နေရင်း နဉ်ရှုကိုမေးလာသည်။

"မင်း ဘာမြင်လိုက်တာလဲ?"

"လူရိပ်တစ်ရိပ်ဖြတ်ပြေးသွားတယ်။"

နဉ်ရှု ပြောလိုက်သည်။

အန်ကယ်က တစ်ဖက်လှည့်ကာ အိမ်ထဲဝင်သွားသည်။ တစ်ဖက်မှာ‌တော့ လျိုမန်မန်တစ်ယောက် ရှက်ကာမျက်နှာကြီးနီရဲ‌လာ၏။ သူမရဲ့ဖင်ကို အပြည့်အဝမြင်နေရသေးသည်။

သန့်ရှင်းပြီးတဲ့နောက် နဉ်ရှုနဲ့လျိုမန်မန် အိမ်ထဲပြန်ဝင်လာသည်။ လျိုမန်မန်က ထောင့်နားမှာငုတ်တုတ်လေးဆက်ထိုင်နေ၏။

အားလုံးအိမ်ထဲမှာရှိ‌နေပြီး ဘယ်သူမှအပြင်မထွက်တာကို နဉ်ရှု သတိထားလိုက်မိသည်။ အိမ်ထဲကလူတွေအပြင် တခြားသူတွေပါရှိနေသေးတယ်ဆိုတဲ့သဘောပင်။

လူသတ်ကောင်ဘယ်သူလဲ?(Realm - 26) [Myanmar Translation]Where stories live. Discover now