Chapter - 2

2.9K 368 107
                                        

Unicode

၁၆၇၆။ နံပါတ်ကောင်းပဲ
___________________

"သူက496၊ အထူးတာဝန်ထမ်းဆောင်သူ။"

မိန်ကျီချင်းရဲ့မျက်လုံးတွေက ရှေးခေတ်ဝတ်စုံနဲ့အမျိုးသမီးဆီမှာရှိနေသည်။

"ဟယ်လို။"

496က အသာအယာခေါင်းငြိမ့်သည်။

"သူက 2333၊ အလယ်တန်းအဆင့်တာဝန်ထမ်းဆောင်သူ။"

မိန်ကျီချင်းက နဉ်ရှုကိုမိတ်ဆက်ပေးသည်။

"ခွီးးး! 2333?"

496နဲ့ရန်ဖြစ်နေခဲ့တဲ့အမျိူသားက မနေနိုင်စွာရယ်သည်။

"နံပါတ်ကောင်းပဲ။"

နဉ်ရှုရဲ့နှုတ်ခမ်းတွေတွန့်သွားသည်။

"ကျေးဇူး။"

သူမ သူ့ကို ရိုက်လို့မရလို့သာမဟုတ်ရင် သူမ သူ့ကို လက်သီးနဲ့ထိုးပြီးပြီ!

မိန်ကျီချင်းက အခန်းထဲကလူတွေကို တစ်ယောက်ပြီးတစ်ယောက်မိတ်ဆက်ပေးသည်၊ ကျန်းကျားစန်ကိုတော့ နောက်ဆုံးမှမိတ်ဆက်ပေး၏။

"သူက အခြေခံအဆင့်တာဝန်ထမ်းဆောင်သူ၊ 6457။"

ကျန်းကျားစန်ကပြုံးကာဆိုသည်။

"ဟယ်လို။"

"ဟယ်လို။"

နဉ်ရှုက အရေးမစိုက်စွာဆိုသည်။ ဆိုတော့ ကျန်းကျားစန်က အခုထိ အခြေခံအဆင့်တာဝန်ထမ်းဆောင်သူပဲရှိသေးတာပေါ့။

နဉ်ရှုက မိန်ကျီချင်းရဲ့ဘေးမှာထိုင်ချလိုက်သည်။ အခန်းကတိတ်ဆိတ်နေပြီး ဘယ်သူမှစကားမပြောတာကြောင့် နဉ်ရှုလည်းပါးစပ်ပိတ်နေလိုက်သည်။ တစ်ယောက်ယောက်က သူမကိုကြည့်နေတာကို သူမခံစားမိလိုက်တာကြောင့် လှည့်ကြည့်တဲ့အခါ ကျန်းကျားစန်ကသူမကိုကြည့်နေပြီး မျက်လုံးတောင်မှိတ်ပြနေတာကိုတွေ့လိုက်ရ၏။

နဉ်ရှုက ကျန်းကျားစန်ကိုလျစ်လျူရှုကာ အမူအရာမဲ့စွာဖြင့်အဝေးကိုကြည့်သည်။ သူမက မိန်ကျီချင်းကိုတီးတိုးမေးသည်။

"ဒီတာဝန်က ဘာလို့ အထူးတာဝန်ထမ်းဆောင်သူရော၊ အခြေခံအဆင့်တာဝန်ထမ်းဆောင်သူပါ လုပ်လို့ရတာလဲ?"

လူသတ်ကောင်ဘယ်သူလဲ?(Realm - 26) [Myanmar Translation]Onde histórias criam vida. Descubra agora