Chapter - 46

963 156 1
                                    

Unicode

၁၇၂၀။ ပြန်လည်ဝင်စားခြင်းလမ်းကြောင်း

အသက်ရှင်နေသေးတဲ့အဖွဲ့ဝင်တွေရဲ့ခန္ဓာကိုယ်တွေက တဖြည်းဖြည်း ကျောက်အဖြစ်ပြောင်းလဲသွားကာ နောက်ဆုံးမှာတော့ လူသားရုပ်ထုတွေဖြစ်သွားတော့သည်။ ထို့နောက် သူတို့ရဲ့ဝိဉာဉ်တွေက ကျောက်သားရုပ်ထုတွေထဲကနေ ပျံထွက်လာကြသည်။ အားလုံး ဝိဉာဉ်တွေဖြစ်သွားကြသည်။

နဉ်ရှုလည်း သူမရဲ့နဂိုပုံစံကိုပြန်ပြောင်းသွားသည်။ တာဝန်ထမ်းဆောင်သူတွေအကုန် နဂိုပုံစံပြန်ပြောင်းသွားတာပင်။

လုရှန်းရှန်းက ကျော့ရှင်းတဲ့ရှေးခေတ်ဝတ်စုံကိုဝတ်ဆင်ထားသည်။ သူမရဲ့အလှကိုတော့ ဖော်ပြနေဖို့မလိုပြီ။

"ဝိုး၊ မင်းတို့မှာ တကယ်ကောင်းတဲ့ဝိဉာဉ်တွေရှိတာပဲ။ ငါသာ စောစောကသိခဲ့ရင် မင်းတို့ကို အရင်စုပ်ယူပါတယ်။"

ဖန်ချန်းက စိတ်ဓာတ်ကျနေတဲ့လေသံနဲ့ဆိုသည်။

အန်ကယ်က သူ့လက်ညှိုးကို လေထဲမြှောက်လိုက်ပြီး သူ့လက်ချောင်းထိပ်ကနေ အနက်ရောင်အပေါက်ကြီးတစ်ခု ဖြည်းဖြည်းချင်းထွက်ပေါ်လာသည်။ အနက်ရောင်အပေါက်ကြီးပေါ်လာတာနဲ့ ဝိဉာဉ်တွေက အဲ့အပေါက်ဆီ ချက်ချင်းရွေ့လျားသွားကြသည်။

အနက်ရောင်အပေါက်ကြီးက ဖြည်းဖြည်းချင်းပြန်ကျုံ့သွားကာ နောက်ဆုံးမှာတော့ ပျောက်ကွယ်သွား၏။

သူမ မောင်တောင်သူတော်စင်အဖြစ်ရှိနေတုန်းက လူတွေကို ဘဝကူးပေးနေတုန်း သူမ ဒါမျိုးအနက်ရောင်အပေါက်ကြီးမြင်ဖူးသည်။

"အဲ့ဒါဘာလဲ?"

နဉ်ရှုက ၇၉၅ကိုမေးသည်။

"ပြန်လည်ဝင်စားခြင်းလမ်းကြောင်း။ ဒီလူတွေက သေသွားပြီးပြီဆိုတော့ ပြန်ဝင်စားတဲ့သံသရာထဲကိုဝင်ရမယ်လေ။"

၇၉၅ကပြောသည်။

နဉ်ရှု : ...

ဘာလားဟ? သူက ပြန်လည်ဝင်စားခြင်းလမ်းကြောင်းကို ဒီလောက်လွယ်လွယ်လေးနဲ့‌ဆင့်ခေါ်နိုင်တယ်ပေါ့?

နဉ်ရှု ယဉ်ကျေးတဲ့အပြုံးလေးတစ်ခုကို မနည်းလုပ်ပြုံးလိုက်ရသည်။ အခုကစပြီး သူမ အန်ကယ်နဲ့ တကယ်ဝေးဝေးနေတော့မယ်။ သူ သူမကို ပြန်ဝင်စားခြင်းလမ်းကြောင်းထဲ ရုတ်ဆရက်ကန်ထည့်လိုက်မလား ဘယ်သူသိမှာလဲ?

လူသတ်ကောင်ဘယ်သူလဲ?(Realm - 26) [Myanmar Translation]Where stories live. Discover now