တရုတ်နိုင်ငံရဲ့ ပေကျင်းမြို့မှာတော့ စီးပွားရေးဆိုတာက လက်ညှိုးထိုးမလွဲလောက်အောင် များပြားသည်။ထိုအထဲမှာမှ xiao groupက တစ်ခုအပါအ၀င်ဖြစ်သည်။
Xiao groupကပိုင်ဆိုင်တဲ့ လုပ်ငန်းစုတွေဆိုတာ များပြးလွန်းသည်။ဟိုတယ်လုပ်ငန်း fashionလုပ်ငန်း အစရှိသဖြင့်များပြားလွန်းသည်။ဒါကပြည်တွင်းမှာသာရှိေသးသည်။ပြည်ပမှာလဲ ချဲ့ထွင်ထားတာ မနဲမနောပင်။ဒါေကြာင့်လဲ Xiao groupက Top3ထဲမှာပါနေတာဖြစ်သည်။ ထိုများပြားတဲ့လုပ်ငန်းစုတွေကို ဦးဆောင်နေသူက အသက်ကြီးကြီး လူကခပ်၀၀ ထိပ်ကပြောင်ပြောင် ဗိုက်ရွှဲရွှဲ ပါဝါထူမျက်မှန်ကြီးတပ်ထားသူမဟုတ်ပေ။
အသက်က ၃၀ပဲရှိသေးသည်။အရပ်က ၆ပေနဲ့ ၁လက်မရှိသည်။ကိုယ်နေဟန်ထားကလဲ ပိန်ပိန်ပါးပါးနဲ့ သွက်သွက်လက်လက်ရှိသည်။မျက်နှာကလဲ ကြည့်တဲ့သူတိုင်းငေးရလောက်တဲ့အထိ ချောမောလှသည်။နောက်ဆုံးလူသတ်လက်နက်ကတော့ နှုတ်ခမ်းအောက်မှာရှိတဲ့ မှဲ့လေးတစ်ခုပေါ့။သူ့နာမည်က ရှောင်းကျန့်။မျက်နှာထားက တည်လွန်းလို့ သူ့ထက်ကြီးတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေတောင် ရှိန်ရသည်။အလုပ်လုပ်တဲ့နေရာမှာလဲ စည်းစနစ်ကျလွန်းသည်။ဒါကြောင့်လဲ xiao groupက Top 3ထဲ ၀င်နေရခြင်းဖြစ်သည်။Companyမှာဆိုလဲ ၀န်ထမ်းတွေက သူ့ကိုကြောက်ရသည်။အမှားလုပ်ရင်လဲ မလွယ်။အမှားမလုပ်လဲ ရှောင်းကျန့်ရဲ့မျက်နှာထားကြောင့် သူ့ကိုကြောက်ကြသည်။ပြောရရင်တော့ ချစ်ကြောက်ရိုသေပေါ့။company၀န်ထမ်းတွေတော်ရင် ပိတ်ရက်တွေမှာ အပန်းဖြေတဲ့အနေနဲ့ ခရီးတိုလေးတွေလိုက်ပို့တတ်သည်။
ဒါကြောင့် ၀န်ထမ်းတွေက ရှောင်းကျန့်ရဲ့ကွယ်ရာမှာ Ice Princeလို့ ခေါ်ကြသည်။Xiao groupလို့အမည်တပ်ထားတဲ့ အဆောက်အအုံတစ်ခုရဲ့ အခန်းတစ်နေရာမှာတော့ လူတွေစုပြီး ထိုင်နေကြသည်။ထိုအခန်းကတော့ meeting roomပဲ ဖြစ်သည်။
ထိုအခန်းထဲမှာ ဘောပင်နဲ့စားပွဲကို တစ်တောက်တောက်ခေါက်နေသံကလွဲလို့ တခြားသံကို မကြားရ။ယုတ်စွအဆုံး အသက်တောင်ပြင်းပြင်းမရှုရဲလို့ အသံမကြားရပေ။ဒါဆို ထိုအသံကို ဘယ်သူကများ ပြုလုပ်နေပါသနည်း။တခြားဘယ်သူကမှတော့ ထိုသို့လုပ်ရဲမည်မဟုတ်။လုပ်တဲ့သူကတော့ Xiao groupရဲ့ceoရှောင်းကျန့်ပင်ဖြစ်သည်။
သူကြည့်ရတာက တစ်ခုခုကိုစိတ်မရှည်သည့်နှယ် မျင်မှောင်ကျုတ်ထားသည်။ အဲကွန်းက အေးသည့်အပြင် ရှောင်းကျန့်ရဲ့အကြည့်တွေကပါ အေးစက်နေသည်။သို့သော် အခန်းထဲကလူတွေကတော့ ချွေးတွေပြန်ကြသည်။ဘာလို့ဆို ဘယ်တော့ သူတို့အလှည့်ရောက်လာမလဲဆိုတာကို ကြိုတွေးပြီး လန့်နေကြတာဖြစ်သည်။ပြဿနာကတော့ companyက ဒီဇိုင်းကို
မန်နေဂျာဆိုသူက ခိုးထုတ်သွားလို့ပင်။