ရှောင်းကျန့်တစ်ယောက် အိပ်ယာကနိုးတာနဲ့ လန်းသွားအောင် ရေချိုးလိုက်သည်။အ၀တ်စားလဲပြီးတာနဲ့ ချန်ယွင်ကို လှမ်းခေါ်လိုက်သည်။
"ချန်ယွင် ငါ့အခန်းကို လာခဲ့ဦး"
"ဟုတ်ကဲ့ပါ Ceo"
ချန်ယွင်လဲ အခန်းထဲကို ရောက်တော့
"##က မြေနေရာက ငါကြည့်သလောက်ကတော့ သိပ်အဆင်မပြေဘူး မင်းရောဘယ်လိုထင်လဲ"
"ဟုတ်ကဲ့ Ceoပြောသလိုပါပဲ အဲ့နားမှာက သိပ်ပြီး အသွားအလာမရှိဘူး ပြီးတော့လဲ မြစ်နားနီးနေတော့ စွန့်ပစ်ပစ္စည်းတွေက အဲ့မြေနေရာကို ရောက်လာနိုင်ပါတယ် နွေရာသီက ကိစ္စမရှိပေမယ့် မိုးတွင်းဆိုရင် အဆင်မပြေနိုင်ပါဘူး"
"အင်း ဒါဆိုရင် ဟွမ်သူဌေးက ဘာလို့ ၀ယ်ဖို့လာပြီး ကမ်းလှမ်းရတာလဲ ကဲပါ ငါတို့အရင်သွားကြည့်ရအောင် ပြီးမှ ဆက်ပြောမယ်"
"ဟုတ်ကဲ့ပါ"
သူတို့လဲ ကြည့်မယ့်မြေနေရာကို ရောက်သွားတော့ သူတို့မှန်းထားသည့်အတိုင်းပင်။မြစ်ရေနဲ့နီးနေတော့ အနံ့သက်က သိပ်မကောင်းပေ။မြေနေရာက ကျယ်ပေမယ့် မြစ်ကြောင့် ဘယ်သူမှလာမ၀ယ်တာဖြစ်လိမ့်မည်။ဒါဆို သူ့ကိုဘာကြောင့်များ ၀ယ်ဖို့ ကမ်းလှမ်းရတာလဲ။
"ချန်ယွင်"
"ဟုတ်ကဲ့ ပြောပါ"
"ငါတို့ ဟွမ်သူဌေးနဲ့ အခုတွေ့ရမယ် မင်းဆက်သွယ်လိုက် ဒီနားတစ်ဝိုက်က အဆင်ပြေတဲ့နေရာမှာ တွေ့ရအောင်လို့"
"ဟုတ်ကဲ့ ကျွန်တော်ဆက်သွယ်လိုက်ပါ့မယ်"
ရှောင်းကျန့်လဲ နီးရာကော်ဖီဆိုင်လေးတစ်ဆိုင်မှာ ဟွမ်သူဌေးကို စောင့်နေလိုက်သည်။ကော်ဖီသောက်ရင်းပေါ့။သူက ကော်ဖီဆိုရင် black coffeeပဲ ကြိုက်တာ။ဘယ်လိုမှန်းတော့မသိ။ခါးတဲ့အရသာကို သောက်နေရတာကိုက သူ့အတွက် တစ်မျိုးလေးခံစားရတာ။
အတန်ကြာတော့ ဟွမ်သူဌေးက ကော်ဖီဆိုင်ကိုရောက်လာသည်။