၀မ်ရိပေါ်တစ်ယောက် ပန်းခြံထဲမှာ ပျင်းလို့ စာအုပ်ထိုင်ဖတ်နေသည်။ထိုင်တယ်ဆိုလို့ အထင်မကြီးပါနဲ့။ခြံထဲမှာရှိတဲ့ အရိပ်ကောင်းကောင်းရတဲ့ သစ်ပင်ကြီးရဲ့ပင်စည်ကို မှီပြီး စာအုပ်ဖတ်နေတာဖြစ်သည်။ရှောင်းကျန့်ကတော့ ရုံးသွားလို့မရှိပေ။
သူလဲတစ်ယောက်တည်းပျင်းတာနဲ့ ခြံထဲမှာနေ,နေတာဖြစ်သည်။သူစာဖတ်ရင်းသတိရသွားတာက သူ့မွေးနေ့ကိုဖြစ်သည်။မကြာခင်သူ 18နှစ်တောင်ပြည့်တော့မယ်။18နှစ်ပြည့်တော့မယ်ဆိုပေမယ့် သူမွေးနေ့ကို အသက်5နှစ်ကတစ်ခါပဲလုပ်ဖူးသည်။ဒါတောင်အဘိုးက လုပ်ပေးတာဖြစ်သည်။မိဘတွေကတော့ ရှိတယ်လို့တောင်မထင်။နောက်ပိုင်းမလုပ်ဖြစ်တော့ပေ။ဘာလုပ်မှာလဲ မွေးနေ့မှာတစ်ယောက်တည်းရယ်။အဘိုးသာရှိရင်တော့ လုပ်ပေးဦးမှာ။ဦးငယ်လေးကြတော့လဲ သူမပြောပြချင်ပေ။ဒီကိစ္စတွေထိလိုက်လုပ်ပေးနေရရင်လဲ မဟုတ်တော့။ဦးငယ်လေးနဲ့သူက ဘာမှပတ်သက်တာလဲမဟုတ်။အိမ်မှာနေခွင့်ပေးတာပဲ ကျေးဇူးတင်ရမည်။၀မ်ရိပေါ်တွေးနေရင်း ဖုန်းကမြည်လာသည်။သူကြည့်လိုက်တော့ ဦးငယ်လေးဆီကဖြစ်နေသည်။
"ဟဲလို ဦးငယ်လေး"
"အင်း ဘာလုပ်နေလဲ"
"ခြံထဲမှာ စာအုပ်ဖတ်နေတယ်"
"ဟုတ်လား အင်းပါ ကိုယ်ဒီနေ့နဲနဲနောက်ကျမယ် "
"ဟုတ်"
"အဲ့တာ ခြံတံခါးကိုသေချာပိတ်ကြားလား ပြီးတော့ ညည့်နက်တဲ့ထိမနေနဲ့"
"ဦးငယ်လေးကို မစောင့်ရဘူးလား"
"မစောင့်နဲ့ အိပ်နှင့်"
"ဟုတ်"
"ကဲ ဒါဆို ဖုန်းချလိုက်တော့မယ်"
"ဟုတ် ဦးငယ်လေး"
၀မ်ရိပေါ်လဲဖုန်းချပြီးတာနဲ့ သက်ပြင်းချမိသည်။တစ်ယောက်တည်းနေရဦးမယ်။အရင်တုန်းက သူတစ်ယောက်တည်းနေတာဆိုပေမယ့်လဲ ခုကျတော့ ဦးငယ်လေးနဲ့နေတာကြာလို့လားမသိ တစ်ယောက်တည်းဆိုမနေချင်တော့ပေ။ကြည့်ရတာ သူအကျင့်ပျက်နေပြီ ထင်ပါရဲ့။ဘာပဲဖြစ်ဖြစ် ခုတော့ အပြင်ထွက်ဦးမယ်။သူလဲ အ၀တ်စားလဲပြီး လျှောက်သွားနေမိသည်။သူသွားနေရင်း ဗိုက်ဆာလာတာနဲ့ လမ်းမှာရှိတဲ့ဆိုင်လေးတစ်ဆိုင်ထဲကို ၀င်လာခဲ့သည်။ထိုဆိုင်လေးက ကော်ဖီဆိုင်ပင်ဖြစ်သည်။အတွင်းပိုင်းအပြင်အဆင်ကလဲ တော်တော်လေးကို ကြည့်ကောင်းသည်။
သူလဲ ကောင်တာမှာသွားမှာလိုက်ပြီး ထောင့်ကျတဲ့နေရာမှာ သွားထိုင်လိုက်သည်။