Part18

1.9K 91 0
                                    

ရှောင်းကျန့်တစ်ယောက် ကုန်တိုက်မှာဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကို ပြန်တွေးနေမိသည်။သူအစည်းဝေးစောပြီးလို့ အပြင်ကို ရောက်တော့ ၀မ်ရိပေါ်ကိုမ‌တွေ့တာကြောင့် လိုက်ရှာမိတော့ ဖိနပ်ဆိုင်တစ်ဆိုင်ရှေ့မှာတွေ့လိုက်ရသည်။ပြီးတော့ တခြားသူနှစ်ယောက်ကို တွေ့လိုက်ရလေသည်။ဒါနဲ့သူလဲ မလှမ်းမကမ်းကနေ သူတို့ကိုကြည့်နေလိုက်သည်။ခဏကြာတော့ ၀မ်ရိပေါ်က ဖိနပ်ပေါ်က လက်ကို ရုတ်လိုက်တော့ သူအံ့ဩသွားသညါ။သူထင်တာက မရ,ရအောင် ယူမယ်ပေါ့။သူလဲ အနားသွားပြီး ပြောလိုက်တော့လဲ မယူပေ။သူဘေးကသူတွေကို သေချာကြည့်လိုက်တော့မှ ၀မ်သူဌေးတို့ဖြစ်နေတာကို သိလိုက်ရသည်။

သူကြည့်နေတုန်း၀မ်ရိပေါ်က သူ့လက်ကိုဆွဲ‌သွားတာကြောက့် ဘာမှပြောမနေတော့ဘဲ လိုက်ခဲ့သည်။အိမ်ရောက်လို့မေးတော့လဲ ဘာမှသေချာမဖြေ။သူလဲဆက်မေးမနေချင်တော့ပေ။ဘာကြောင့်ဆို ၀မ်ရိပေါ်က ၀မ်သူဌေးတို့နဲ့မတဲ့တာကို သူသိနေလို့။
သူသဘောမကျတာက ၀မ်ရိပေါ်က ဖိနပ်ကိုမယူလိုက်တာပဲ။ပြတ်ပြတ်သားသားပဲပေါ့။အဲ့လိုတွန့်ဆုတ်နေတာကို သူမကြိုက်ဘူး။ဘာပဲဖြစ်ဖြစ်မိဘဆို‌တော့လဲ အလျှော့ပေးတာဖြစ်မှာပါ။ အဆိုးဆုံးကတော့ ၀မ်သူဌေးပဲ။သားချင်းအတူတူကို ၀မ်ရိပေါ်ကို ဦးစားမပေး။တစ်ချက်‌ေတာင်် ကောင်းကောင်းမပြော။ရိပေါ် မင်းကိုတော့ ကိုယ်ဘာမှမထိခိုက်အောင်ကာကွယ်ပေးပါ့မယ်။

၀မ်ဖေးဝူဆိုသူကတော့ ၀မ်သူဌေးရဲ့နောက်အိမ်ထောင်ကနေ မွေးတဲ့သားဖြစ်သည်။နောက်အိမ်ထောင်ပဲပြောရမလား ဒါမှမဟုတ် ‌ရှေ့အိမ်ထောင်ပဲပြောရမလားပဲ။ထားပါတော့။၀မ်ဖေးဝူက ၀မ်ရိပေါ်ထက် သုံးနှစ်ကြီးသည်။သူ၀မ်အိမ်တော်ကို စရောက်တော့ ၀မ်ရိပေါ်ပုံစံကို မှတ်မိနေသေးသည်။သူ့ကို ကြည့်နေလိုက်တာများ မျက်လုံးလေးတွေကို ဝိုင်းစက်နေသည်။မိတ်ဆက်ပေးလိုက်တော့ အံ့ဩသွားသည်ဆိုတာထက် သူ့ကိုအနားတောင်အကပ်မခံပေ။သူလဲနောက်နေ့တွေရှိသေးတာပဲဆိုတဲ့အတွေးနဲ့ပဲ နေလိုက်သည်။


နောက်နေ့တွေကျပြန်တော့လဲ သူ့ကိုစကားမပြောပေ။သူ့ဟာသူတစ်ယောက်တည်းသာ နေလေသည်။သူသွားမိတ်ဆက်ပေမယ့် ပြန်ရတာက အေးစက်စက်အကြည့်တစ်ခုသာလျှင်။သူရင်းနှီးအောင် အမျိုးမျိုးကြိုးစားပေမယ့် မရပေ။သူလက်မလျှော့။သူခင်ချင်သည်။နောက်မှသူပြန်စဉ်းစားကြည့်လိုက်တော့ ၀မ်ရိပေါ်ဘက်က သူ့ကို ဒီလိုလုပ်တာလဲမှန်သည်ဟုထင်သည်။ဘာကြောင့်ဆို သူက ၀မ်သူဌေးတို့ရဲ့အချစ်ကိုရထားတဲ့သူဖြစ်နေလို့။ဟုတ်သည်။သူ၀မ်အိမ်မှာနေတော့ သိခဲ့ရတာက ၀မ်ရိပေါ်ရဲ့အဖေနဲ့အမေက မချစ်ဘဲယူထားကြတာမို့ ၀မ်ရိပေါ်ကို ဂရုတောင်မစိုက်ပေ။၀မ်သူဌေးမဆို ၀မ်အိမ်တော်မှာတောင်မနေပေ။သူတို့သားအမိရောက်ကတည်းက မနေတော့တာဖြစ်သည်။

ဦးငယ်လေးရဲ့အရှင်သခင်လေးWhere stories live. Discover now