Part12

1.9K 96 6
                                    

ဒီနေ့တော့ ရှောင်းကျန့်တစ်ယောက် သူ့သူငယ်ချင်းတွေနဲ့ချိန်းထားလို့ အပြင်ကိုသွားဖို့ပြင်နေသည်။သူ အ၀တ်စားလဲပြီး အောက်ကိုဆင်းလာတော့ ၀မ်ရိပေါ်က ဆိုဖာ‌အောက်မှာ ရေခဲမုန့်စားပြီး ကာတွန်းကားကြည့်နေသည်။
ရှောင်းကျန့်မလဲ ၀မ်ရိပေါ်ရောက်လာခါမှ ကြမ်းခင်းက ၀မ်ရိပေါ်ထိုင်မယ့်နေရာကို အမွေးပွကော်ဇောခင်းထားပေးရသည်။
ဒီကောင်လေးက အမြဲတမ်း ဆိုဖာအောက်မှာပဲ ထိုင်တယ်။သူပြောလဲမရဘူး။

"ဦးငယ်လေး လာလေ"

"အင်း"

ရှောင်းကျန့်လဲ ဆိုဖာပေါ်သွားထိုင်လိုက်တော့

"ဦးငယ်လေး ရေခဲမုန့်က စားကောင်းတယ် သိလား"

"စားကောင်းတိုင်းစားမနေနဲ့ ချောင်းဆိုးဦးမယ်"

"ဦးငယ်လေးကလဲ"

"ကိုယ်အကောင်းပြောနေတာ စကားနားထောင် နှုတ်ခမ်းကိုထော်မနေနဲ့"

"သိပါပြီ သိပါပြီ ဦးငယ်လေးကလေ အရမ်းပဲ ဟွန့်"

"ကိုယ် အပြင်သွားမလို့ အိမ်မှာကောင်းကောင်းနေ"

"ဟုတ်"

"ကာတွန်းကားက ကြည့်တုန်းလား"

"ကြည့်တာပေါ့ ဦးငယ်လေးကလဲ"

"ကလေးကလားနဲ့"

"ဦးငယ်လေးနော် သားကငယ်ငယ်လေးရှိသေးတာကို"

"အေးပါ ဟုတ်ပါပြီ ကိုယ်သွားတော့မယ်"

"ဟုတ်"


ရှောင်းကျန့်လဲ ချိန်းထားတဲ့နေရာကို ရောက်တော့ ကျိုးချန်တစ်ယောက်ပဲမရောက်သေးတာ။ကျန်တဲ့သူတွေက ရောက်နေလေသည်။

"ရှောင်းကျန့် အချိန်မှန်ပါလားကွ"

(ဒီနေရာမှာ ရှောင်းကျန့် ကျန်းရိရှင်း ကျုံးဟန့်လျန် ၀မ်ကျားအော် ကျိုးချန် တို့ကို အသက်အတူတူအနေနဲ့ပဲ မြင်ပေးပါ)

ကျန်းရိရှင်းကတော့ ထုံးစံအတိုင်း ရေနွေးကြမ်းသောက်ရင်းနဲ့ ရှောင်းကျန့်ကို လှမ်းပြောလိုက်သည်။ရှောင်းကျန့်လဲ ၀မ်ကျားအော်ဘေးကို ၀င်ထိုင်လိုက်ပြီး

ဦးငယ်လေးရဲ့အရှင်သခင်လေးWhere stories live. Discover now