၀မ်ရိပေါ်တစ်ယောက် သူ့ရဲ့ခြေထောက်ကမသက်သာသေးတာမို့ ကျောင်းတောင်မသွားနိုင်။
ခြေထောက်ခေါက်သွားတာဆိုတော့ ဖြစ်တဲ့နေ့က တော်တော်လေးနာပေမယ့် ခုတော့ သိပ်မနာတော့။ဒါပေမယ့်လဲ လမ်းလျှောက်ရင် နာသေးတာမို့ ကုတင်ပေါ်ကနေတောင် မနဲဆင်းရသည်။ခုလဲ ကုတင်ပေါ်မှာ ဂိမ်းဆော့နေတုန်း တံခါးခေါက်သံကြားလိုက်ရသည်။သူလဲ ဂိမ်းဆော့တာကို ရပ်ပြီး တံခါးဆီကို ဖြည်းဖြည်းချင်းသွားရသည်။သူတံခါးဖွင့်လိုက်တော့"ဟင် အန်တီ"
"ဟုတ်တယ် အန်တီရယ် သားခြေထောက်ကနာနေတော့ အပြင်ကိုထွက်စားလို့မရဘူးမလား အာ့ကြောင့် အန်တီ ထမင်းယူလာပေးတာ"
"အာ ကျေးဇူးပါ အန်တီ အဲ အထဲ၀င်ဦးလေ အန်တီ"
"အေး အေး"
မိန်လီလီလဲ သူမထည့်လာတဲ့စားစရာတွေကို စားပွဲပေါ်တင်လိုက်သည်။၀မ်ရိပေါ်လဲ စားပွဲနားလာထိုင်လိုက်ပြီး
"အာ အန်တီအများကြီးပဲ အားနာစရာကြီး"
"မလိုပါဘူး သားရဲ့ စား ဒါတွေအကုန်လုံးက အန်တီချက်လာတာ"
၀မ်ရိပေါ် စားကြည့်လိုက်တော့
"ဝါး ကောင်းလိုက်တာ ဟီး"
"ကောင်းရင်လဲ စား ပြီးရင် စားချင်တာရှိရင်လဲ အန်တီ့ကိုပြော ချက်ကျွေးမယ်"
"ဟုတ် အန်တီ ဒါနဲ့ ဦးငယ်လေးကရော ချက်တတ်လား"
"အမလေး သူက အန်တီ့ထက်တောင် ပိုပြီး ချက်တတ်သေးတယ် "
"ဟုတ်လား စားချင်သွားပြီ"
"ဟုတ်တယ် သူကလေ သူ့ဟာသူပဲ ချက်စားတာလေ ဘယ်သူ့ကိုမှ မချက်ခိုင်းဘူး အန်တီတောင်လေ သူ့အမေဖြစ်လို့ သူချက်တာစားရတာ ကျန်တဲ့သူသာဆိုလေ ကျွေးတောင်မကျွေးဘူး"
"ဟင် ဒါဆိုရင် သားလဲ ဘယ်လိုလုပ်ပြီးစားရမှာလဲ ဦးငယ်လေးက အန်တီကိုပဲကျွေးတာကို သားနဲ့က.."
ဆိုပြီး နှုတ်ခမ်းလေး ထော်ပြီးပြောနေသည်။