ရှောင်းကျန့်တစ်ယောက် နယူးယောက်ကနေပြန်ရောက်တော့ အလုပ်တွေက တန်းစီနေသည်။ဒါတောင် တစ်ရက်မလို့သာပေါ့။မဟုတ်ရင် မလွယ်ဘူး။အာ့ကြောင့် သူဘယ်မှမသွားဖြစ်တာ။ခုလဲ စာရင်းတွေစစ် လက်မှတ်တွေထိုးရင်း ခေါင်းက မူးလာသည်။သူလဲ လုပ်လက်စတွေခဏရပ်ပြီး ထိုင်ခုံနောက်ကျောကို မျက်လုံးမှိတ်နေလိုက်သည်။ခဏကြာတော့မှ သက်သာသွားသည်။
သူလဲ သက်သာသွားတာနဲ့ တစ်နေရာကိုလှမ်းဖုန်းဆက်လိုက်သည်။"အေး ရှောင်းကျန့်ပြော"
"ကျိုးချန် မင်းညနေအားလား"
"အင်း ငါအားပါတယ်"
"ဒါဆို ညနေ##မှာ တွေ့ရအောင်"
"အေး အေး"
ညနေရောက်တော့ ရှောဂ်းကျန့်လဲ ကျိုးချန်နဲ့ချိန်းထားတဲ့နေရာကို ထွက်လာခဲ့သည်။သူရောက်တော့ ကျိုးချန်ကရောက်နေသည်။
"ငါနောက်ကျသွားတယ် အလုပ်တွေကမပြီးလို့"
"ရပါတယ်ကွာ ပြောရမယ့်သူတွေလား စားစရာတွေကို ငါမှာထားတယ်"
"အင်း"
သူတို့စားနေရင်း ကျိုးချန်က
"ငါ့ကို တွေ့တာက ဘာဖြစ်လို့လဲ ရှောင်းကျန့်"
ကျိုးချန်မေးလိုက်တော့ ရှောင်းကျန့်လဲ စားနေတာကို ရပ်လိုက်ပြီး
"ငါ မင်းကိုအကူညီတောင်းစရာရှိလို့"
"အင်း ပြောလေ"
"မင်း ငါတို့ရဲ့familydoctorလုပ်ပေးပါလား"
"..........."
"အဆင်ပြေရဲ့လား"
"ဘာလို့မပြေရမှာလဲ ပြေတယ် ပြောရမယ့်သူတွေလား
ငါ့ကိုခုလိုလုပ်ခိုင်းတာ မင်းရောဂါကြောင့်လား""အင်း ခုတလော ငါခေါင်းကမူး,မူးနေတယ် ပြီးတော့ ငါကလဲ သူစိမ်းဆိုမပြချင်ဘူးလေ မင်းဆိုအဆင်ပြေမလားလို့"
"အင်း ရပါတယ် မင်းအဲ့လိုမူးတော့ ပုံရိပ်တွေဘာတွေပေါ်မလာဘူးလား"