Announcement

836 43 8
                                    

ဒီဘာသာပြန်သူလေးမှာ ပြောစရာနည်းနည်းရှိပါတယ်😁😁။ခုအပိုင်းကစပြီး မန့်ကို မက်ဂ်၊ အိုက်မီကို အေမီလို့ ပြောင်းရေးသွားပါမယ်။

ပြီးတော့ ဒီnovelက အပိုင်းရေ နှစ်ထောင်‌လောက်ရှိပါတယ်။တော်တော်ရှည်မယ့် ခရီးပါ။တို့ဘာသာပြန်တာကလည်း လိပ်လိုနှေးကွေးနေတာဆိုတော့ နှစ်ချီလောက်တယ်😂😂။

တော်တော်ရှည်မှန်းသိပေမယ့် ဒီလို ဝတ္ထုရှည်တွေ ဖတ်ရတာကြိုက်တာမို့ ဘာသာပြန်ဖြစ်တာပါ။
ငယ်ငယ်တုန်းကတော့ လူံးချင်းဝတ္ထုနဲ့ ပုံပြင်စာအုပ်တွေ ဖတ်ဖြစ်တယ်။ဖတ်ဖြစ်တဲ့ထဲမှာ နည်းနည်းရှည်တာဆိုလို့ ဝူရှ သိုင်းဝတ္ထုတွေပဲရှိတာ။

မှတ်မှတ်ရရ ဆယ်တန်းနှစ်မှာ ရွှေပြည်တော်မျှော်တိုင်းဝေး စာအုပ်ဖတ်ကြည့်ပြီး ဝတ္ထုရှည်တွေ ကြိုက်သွားတာပဲ။လူတစ်ယောက် တဖြည်းဖြည်းကြီးပြင်းလာတာကို အသေးစိတ် ဘေးနားက လိုက်ကြည့်နေရသလိုမျိုးခံစားရတယ်။အဲ့ခံစားချက်ကိုကြိုက်လို့😁😁။

ဆိုတော့ကာ ဖြည်းဖြည်းမှန်မှန်လေးဖတ်ရင်း အားပေးကြပါလို့။ဖတ်ရတာ အရသာပေါ့နေရင်လည်း ဒီဘာသာပြန်သူရဲ့ အားနည်းမှုပါပဲ🥺🥺။
အကြံပေးချင်တာရှိရင် page messengerကိုလာခဲ့လို့ရပါတယ်။Personal accountက message requestသိပ်မကြည့်ဖြစ်လို့ပါ😁😁။

Page link

https://www.facebook.com/Pythons-translation-blog-106711178514339/

ဪ ပြီးတော့ pageမှာ အပိုင်းခြောက်ထိရောက်နေပြီနော်

အဲ့တာလေး ပြောပြချင်လို့ လာပြောတာပါ။ဒါပါပဲ။

စားဖိုမှူးနတ်ဘုရားဖေဖေWhere stories live. Discover now