စားဖိုမှူးနတ်ဘုရားဖေဖေ
အခန်း (၁၁)ရန်ကျိုးထမင်းကြော်တစ်ပန်းကန် စားပြီးနောက် မက်သည် ထိုနေရာတွင်ပင်ထိုင်ကာ မည်သည့်အရာများခြားနားနေသည်ကို ခံစားကြည့်လိုက်သည်။ သူမျှော်လင့်ထားသည့်အတိုင်း ဤအဖိုးတန်သော ပါဝင်ပစ္စည်းများမှ ပြုလုပ်ထားသော ထမင်းကြော်သည် အရသာရှိရုံဆိုသည်ထက် ပိုလေသည်။
တိုက်ရိုက်သက်ရောက်မှုမှာ ပင်ပန်းနွမ်းနယ်မှုကို သက်သာစေသည်။ မနက်ခင်းတွင် ရန်ကျိုး ထမင်းကြော်နှစ်ပန်းကန် ချက်ရသော ပင်ပန်းနွမ်းနယ်မှုသည် ထမင်းကြော်စားလိုက်ရုံနှင့် ပျောက်သွားပေသည်။မက်သည် ကျွဲရိုင်းအားဖြည့်အချိုရည် သောက်စဥ်ကထက် နွေးထွေးပြီး ပိုအားရှိလာသည်ဟု ခံစားရပါသည်။
ဒါက ဆန်ကြောင့် ဖြစ်ရပါလိမ့်မည်။နေ့စဉ် ထမင်းသူံးနပ်စားလျှင် သူ၏ခွန်အားများ တိုးလာနိုင်သည် ဟု မက်တွေးလိုက်မိသည်။ပါဝင်ပစ္စည်းများထဲ၌ မြင့်မြတ်သောစမ်းရေဖြင့် စိုက်ပျိုးထားသည့် ဆန်ထက် အဖိုးတန်သော အရာမရှိပေ။
"အေမီလေး သက်တံ့ထမင်းကြော် စားပြီး ဘယ်လိုနေလဲ"
အေမီကိုကြည့်ရင်း မက် မေးလိုက်သည်။
နတ်သူငယ်သွေးတစ်ဝက်သည် သူမ၏ သွေးကြောထဲတွင် လည်ပတ်လျက်ရှိသည်။သို့သော် ဆန်သည် မည်သည့်ပြဿနာမှ မရှိသင့်ဟု သူထင်ပါသည်။"ထမင်းကြော်က အရမ်းအရသာရှိတယ်လို့
ထင်တယ်"အေမီသည် ပန်းကန်ကို စားပွဲပေါ်တင်ကာ နှုတ်ခမ်းထောင့်ရှိ ထမင်းကို လျှာဖြင့်သပ်လိုက်ပြီး မက် ကိုကြည့်ကာ စိတ်အားထက်သန်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
မက်က အံ့ဩသွားပြီး ပြုံးလိုက်မိသည်။သူမလေးဖြေသည်မှာ မမှားပေ။
" အရသာ ကောင်းပြီး စားချင်စဖွယ် ဖြစ်တာအပြင် တစ်နေရာရာမှာ နေမကောင်းဖြစ်သေးလား "
မက်ထပ်မေးလိုက်သည်။
"ခန္ဓာကိုယ်ကလား"
အေမီက ခဏလောက်စဉ်းစားပြီး ခေါင်းယမ်းပြလိုက်ပေမယ့် နောက်တော့ ခေါင်းညိတ်လိုက်သည်။
ESTÁS LEYENDO
စားဖိုမှူးနတ်ဘုရားဖေဖေ
Fantasíaဇာတ်လမ်းအကျဉ်း စင်းမြို့တော်တွင် အလွန်ထူးဆန်းသော စားသောက်ဆိုင်တစ်ခုရှိသည်။ ဤဆိုင်၌ နတ်သူငယ်များ နှင့် လူပုများသည် စားပွဲတစ်လုံးကို အတူတူ မျှဝေစားသောက်ရပေမည်။လူ့ဘီလူးကြီးများသည် ထူးထူးခြားခြားကို ယဉ်ကျေးစွာ ပြုမူဆက်ဆံ နေကြပြီး၊ နဂါးများကိုလည်း စားသ...