အခန်း (၂)

715 79 1
                                    

လုပ်စမ်းပါ။ငါက ဒီတိုင်း ကျပန်းရေးလိုက်ရုံပါပဲ။ စကားလုံးတွေက ယုတ်ညံ့ပြီး ရက်စက်ပေမယ့်လည်း စားသောက်ဆိုင်ပေါင်းများစွာက အဲ့ဒါကြောင့် ပိတ်ပစ်လိုက်ရတာလည်း ဖြစ်နိုင်ပေမယ့်လည်း တကယ်ပဲ ငါ့ကို စားဖိုမှူးလုပ်ခိုင်းဖို့လောက်ထိ မင်းတကယ်ပဲ လုပ်စရာ လိုလို့လား။

ချက်ပြုတ်နည်းကို သင်ယူရန် စနစ်တစ်ခုက ကြီးကြပ်ခြင်းခံရတော့မည် ဆိုသည့်အတွေးသည် မက်ဂ်ကို အတော်လေး စိတ်ဓာတ်ကျစေပါသည်။ တစ်ခုခုကို ပုံမှန်ချက်ပြုတ်ရတာနဲ့ အချက်အပြုတ်နတ်ဘုရားဖြစ်လာရမယ်ဆိုတာကတော့ လုံးဝမဆိုင်တဲ့အရာပါပဲ။
အချက်အပြုတ်နတ်ဘုရား ဟုတ်လား။
မင်းက ငါ့ကို နောက်နေတာလား ။
မက်ဂ်သည် အတော်လေး ဒေါသထွက် နေပါသည်။

"ဖေဖေ နေကောင်းရဲ့လား"

အေမီ သည် မက်ဂ်၏ မျက်နှာကို လက်ဖြင့် လှမ်းကိုင်ကာ စိုးရိမ်တကြီး မေးသည်။ ဒီနေ့ ဖေဖေက ခါတိုင်းနဲ့မတူဘူးလို့ ခံစားမိပေမယ့် ဘာတွေပြောင်းလဲသွားလဲတော့ အေမီလည်း မပြောတတ်ဘူး။

သူ့မျက်နှာပေါ်ရှိ နွေးထွေးသော အထိအတွေ့သည် မက်ဂ်ကို ပြန်လည်သတိဝင်လာစေသည်။ သူ စိတ်တည်ငြိမ်အောင် အတတ်နိုင်ဆုံး ကြိုးစားလိုက်ပြီး ဖျော့တော့တဲ့ အပြုံးတစ်ခုကို လုပ်ယူလိုက်သည်။ ထို့နောက် သူ့မှတ်ဥာဏ်ထဲမှာ ရှာဖွေလိုက်ပြီး အိတ်ကပ်ထဲ လက်ကိုထည့်လိုက်သည်။ နောက်ဆုံး ကြေးနီဒင်္ဂါးပြားနှစ်ပြားကို သူရှာတွေ့လိုက်သည်။၎င်းတို့ကို အေမီ၏လက်လေးထဲတွင် ထည့်‌ ပေးလိုက်သည်။

“အေမီ လေး ပန်ကိတ်နှစ်လုံး သွားဝယ်လိုက်‌။
ဒီညတော့ ဖေဖေတို့ ချက်မစား တော့ဘူး”

"တကယ်လား။ အေမီ လေး က ပန်ကိတ်တွေကို အရမ်းကြိုက်တယ်။”

အေမီသည် ချက်ချင်းပင် အံ့သြစွာ ပြုံးလိုက်သည်။ ဒင်္ဂါးပြားနှစ်ပြားကို ကိုင်ထားရင်း မက်ဂ်စီသို့ တွားသွားလာကာ သူ့မျက်နှာကို နမ်းလိုက်သည်။ထို့နောက် အိပ်ယာမှဆင်းကာ ဖိနပ်ကိုစီးပြီး တံခါးဆီသို့ ခြေထောက်‌ သေးသေးလေးဖြင့် ပျော်ရွှင်စွာ ပြေးသွား‌ လေသည်။

စားဖိုမှူးနတ်ဘုရားဖေဖေTempat cerita menjadi hidup. Temukan sekarang