ထို့အပြင် စနစ်သည် ဤမစ်ရှင်ပြီးလျှင် ထပ်ပွင့်မည့် ဟင်းပွဲမှာ အသားညှပ်ပေါင်မုန့်ဟု ပြောခဲ့သည်။ ထိုကြောက်မက်ဖွယ်ကောင်းသော ပန်ကိတ်သည်ပင် အလွန်ရောင်းကောင်းသောကြောင့် အသားညှပ်ပေါင်မုန့်သည်လည်းရောင်းကောင်းမည်မှာသေချာပါသည်။ ၎င်းသည် စားသောက်ဆိုင်၏ နာမည်အတွက် ကြေညာကောင်းတစ်ခု ဖြစ်လာပါလိမ့်မည်။
အေမီလေးသည် ယခင်ကစားခဲ့သော ပန်ကိတ်ကိုပင် အလွန်နှစ်ခြိုက်သောကြောင့် သူမသည်
ပန်ကိတ်ထက် အဆတစ်ရာကောင်းသော အသားညှပ်ပေါင်မုန့်ကိုစားရလျှင် အလွန်ပျော်ရွှင်ပေလိမ့်မည်။
“ရန်ကျိုးထမင်းကြော်ပွဲတစ်ထောင်လေးပါပဲ ငါကအဲ့တာလေးကိုတောင်မရောင်းနိုင်ရင် တကယ် ရှက်စရာပဲ”မက်သည်သူ၏ ယုံကြည်မှုကို ပြန်မြှင့်တင်လိုက်ပြီး မည်သည့စျေးကွက်စီးပွားရေး နည်းဗျူဟာကိုအသုံးပြုလျှင်ကောင်းမည်နည်းဟု စဉ်းစားနေစဥ်တွင် စနစ်၏အသံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့ပြန်သည်။
“ ကျေးဇူးပြုပြီး ဟင်းပွဲရဲ့ စျေးနှုန်းနဲ့ ဆိုင်နာမည်ကို ဆုံးဖြတ်ပေးပါ စနစ်သည် မီနူးကိုပြုလုပ်ပြီး ဆိုင်းဘုတ်နာမည်ကို ပြောင်းလဲပေးပါ့မယ်”“ရန်ကျိုးထမင်းကြော်တစ်ပွဲကို ကြေးဒင်္ဂါးပြား ခြောက်ရာစျေး”
မက်ကချက်ချင်းပြန်ဖြေလိုက်သည်။
“ နာမည်ကတော့…”
သူသည် ခဏလောက်စဉ်းစားပြီးနောက် စားပွဲပေါ်မှာမှီနေဆဲဖြစ်သော ဖန်ခွက်မှ အလင်းပြန်နေသည်ကို ကြည့်နေသည့် အေမီအား လှည့်ကြည့်လိုက်သည်။
“ ငါကအဲ့တာကို မက်မီစားသောက်ဆိုင် မက်နဲ့အေမီရဲ့စားသောက်ဆိုင်လို့နာမည်ပေးမယ်”
“ ရန်ကျိုးထမင်းကြော်- တစ်ပွဲလျှင်ငွေဒင်္ဂါး ခြောက်ရာ
ဆိုင်နာမည် - မက်မီစားသောက်ဆိုင် အတည်ပြုလိုက်ပါပြီ”
“ပြု ပြင်မွမ်းမံခြင်း လုပ်ဆောင်နေသည်..
မွမ်းမံပြင်ဆင်မှုပြီးပါပြီ .. "
စနစ်၏အသံသည် ရှေ့ဆင့်နောက်ဆင့်ထွက်ပေါ်လာလေသည်။ထိုအခါ မက်သည် စားပွဲတိုင်းတွင် အနက်ရောင်သားရေဖုံးပါသည့် လက်ရာမြောက်သော မီနူးတစ်ခုစီနှင့် တံခါးအပြင်ဘက်တွင် ဆိုင်းဘုတ်တစ်ခုတပ်ပြီးဖြစ်နေသည်ကို သတိပြုလိုက်မိသည်။ ဆိုင်းဘုတ်၏အောက်အစွန်းဘက်ကို မီးဖိုချောင်မှမြင်နိုင်လေသည်။
“ဒီစနစ်က တော်တော်လေးအဆင်ပြေတာပဲ”
YOU ARE READING
စားဖိုမှူးနတ်ဘုရားဖေဖေ
Fantasyဇာတ်လမ်းအကျဉ်း စင်းမြို့တော်တွင် အလွန်ထူးဆန်းသော စားသောက်ဆိုင်တစ်ခုရှိသည်။ ဤဆိုင်၌ နတ်သူငယ်များ နှင့် လူပုများသည် စားပွဲတစ်လုံးကို အတူတူ မျှဝေစားသောက်ရပေမည်။လူ့ဘီလူးကြီးများသည် ထူးထူးခြားခြားကို ယဉ်ကျေးစွာ ပြုမူဆက်ဆံ နေကြပြီး၊ နဂါးများကိုလည်း စားသ...