စားဖိုမှူးနတ်ဘုရားဖေဖေ
အခန်း (၁၀.၁)မက်သည် တစ်ခဏအေးခဲသွားပြီးနောက် ရုတ်တရတ်မှတ်မိသွား လေသည်။
“ဒါ…ဒါက ပုရွတ်ဆိတ်လေးငွေချေးအစီအစဉ်နဲ့အတူတူပဲ”
သူသည် ဤအစီအစဉ်ကိုအသုံးမပြုဖူးသော်လည်း ၎င်းနှင့်ပတ်သတ်၍အကြောင်းအရာအချို့ကိုသိပါသည်။၎င်းသည် အတော်အသင့်အသုံးပြုရအဆင်ပြေသော်ငြား ငွေချေးသူကိုလည်း မည်သည့်အရာမျှအလကားမရစေရန် အလွန်အားစိုက်ထုတ်ထားသည့် အစီအစဉ်တစ်ခုဖြစ်ပါသည်။
ငွေဒင်္ဂါးသုံးထောင်သည် ရန်ကျိုးထမင်းကြော်ဆယ်ပွဲအတွက် လိုအပ်သည့်ပါဝင်ပစ္စည်းများကိုဝယ်ယူနိုင်သည်။ ဤရက်အနည်းငယ်အတွင်း၌
ပွဲအချို့ရောင်းနိုင်မည်ဆိုလျှင် အဆင်ပြေနိုင်ပါသည် ။မဟုတ်လျှင် စနစ်က ငွေတိုးချေးအစီအစဉ်ကို စလိုက်ပေလိမ့်မည်။“စနစ် ငါ့ရဲ့ ငွေတိုးချေးနှုန်း ကန့်သတ်ချက်ကြီးက အရမ်းမနိမ့်လွန်းဘူးလား ..ငါက အကန့်အသတ်မရှိတဲ့ ခရက်ဒစ်ကတ်ကိုတောင်သုံးဖူးတယ်.. ဒါကို မင်းကငါ့ကို သုံးထောင်ပဲချေးခွင့်ပြုတယ် မင်းကငါ့ရဲ့ ငွေပြန်ဆပ်နိုင်စွမ်းကို မေးခွန်းထုတ်နေတာလား”
မက်သည် အနည်းငယ်စိတ်ဆိုးမိပါသည်။
“ ဒီကန့်သတ်ချက်က ပိုင်ရှင်ရဲ့ လက်ရှိအခြေအနေပေါ်အခြေခံပြီးသေချာတွက်ချက်ထားတဲ့ ကိန်းဂဏန်းတစ်ခုပါ.. ကျေးဇူးပြုပြီးတော့မြန်မြန်ငွေရှာစေချင်ပါတယ် ..ပါဝင်ပစ္စည်းများအတွက် သုံးနိုင်သောငွေများတိုးလာသည်နှင့်အမျှ အကြွေးဝယ်နိုင်မည့်ပမာဏလည်းတိုးလာမှာ”
စနစ်က ဖြေကြားလိုက်သည်။
“ အခုအရင်ဆုံး ထမင်းကြော်တစ်ပွဲအတွက် ပါဝင်ပစ္စည်းတွေကိုအရင်ပေးဦး.."
မက်ကစိတ်ထဲကနေပြောလိုက်ပြီး ၎င်းတို့ကိုရေခဲသေတ္တာထဲမှထုတ်ယူလိုက်သည်။သူသည် ဤပါဝင်ပစ္စည်းများက ကောင်းသည်ကိုသိရှိခဲ့သော်လည်း မည်သည်ကြောင့် ကောင်းမှန်းမသိခဲ့ပါ။မက်သည် စနစ်မှ ၎င်းပစ္စည်းများ၏ မူရင်းဇစ်မြစ်ကိုသိရှိပြီးနောက် သူ၏လက်ထဲမှဆန်သည် မြင့်မြတ်သောစမ်းချောင်း၏အဆီအနှစ်များဖြင့် ပြည့်နေသည်ဟု ခံစားလိုက်ရသည်။
"မြင့်မြတ်စမ်းချောင်းက စမ်းရေနဲ့စိုက်ပျိုးထားတာကြောင့် ဒါကိုစားလိုက်ရင်
အသက်ပိုရှည်လာနိုင်လား”
YOU ARE READING
စားဖိုမှူးနတ်ဘုရားဖေဖေ
Fantasyဇာတ်လမ်းအကျဉ်း စင်းမြို့တော်တွင် အလွန်ထူးဆန်းသော စားသောက်ဆိုင်တစ်ခုရှိသည်။ ဤဆိုင်၌ နတ်သူငယ်များ နှင့် လူပုများသည် စားပွဲတစ်လုံးကို အတူတူ မျှဝေစားသောက်ရပေမည်။လူ့ဘီလူးကြီးများသည် ထူးထူးခြားခြားကို ယဉ်ကျေးစွာ ပြုမူဆက်ဆံ နေကြပြီး၊ နဂါးများကိုလည်း စားသ...