အခန်းတစ်

2.7K 111 2
                                    

ပြန်ပြင်ပေးလိုက်ပြီနော်။

အခန်း (၁)

“ဖေဖေ…ဖေဖေ…”
မက်ဂ်ချန်က သူ့ကို လှမ်းခေါ်နေပုံရတဲ့ ကလေးဆန်သော အသံကို ကြားလိုက်ရသည်။ထို့ကြောင့်
သူ့လက်ချောင်းတွေကို လှုပ်လိုက် ပေမယ့်
အရမ်းနူးညံ့တဲ့ အရာတစ်ခုကို ရုတ်တရက် ကိုင်လိုက်မိသည်။

နှစ်ပေါင်းများစွာရှင်သန်လာ ခဲ့သောဗီဇသည် သူ့ကို မြန်မြန်ထထိုင်ပြီး ကြည့်လိုက်ရန် တွန်းအားပေးလာခဲ့သည်။မျက်လုံးများကို ဖွင့်ကြည့်လိုက်‌သောအခါ သူသည် အံဩသွားပြီး ခဏ ကြက်သေသေသွားပါတော့သည်။

"ဒါက ဘယ်နေရာလဲ " သူ စဉ်းစားလိုက်သည်။
ငါ က ကယ်တင်ခံရတာလား ။
ဒါမှမဟုတ် တခြားကမ္ဘာကို ရောက်သွားတာလား။

မက်ဂ်ချန်သည် လွန်ခဲ့သည့်အခိုက်အတန့်‌ကပဲ သူ့ကိုယ်ပိုင်ရွက်လှေထဲတွင် ဂဏန်းဖမ်းနေသည်လည်းကောင်း၊ အင်ပါယာစားသောက်ဆိုင်၏စားဖိုးမှူးကိုလည်း သူနဲ့အတူလိုက်ရန်ခေါ်ခဲ့သည်ကိုလည်းကောင်း ကောင်းကောင်းကြီးမှတ်မိနေသေးသည်။ပဲ့မှာထိုင်ပြီး ဂဏန်းတစ်ကောင်မှ မဖမ်းရ‌ပါပဲ လှိုင်းလုံးကြီးက သူ့ကို ပင်လယ်ထဲကို ရိုက်ချလိုက်လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ သူ့ ခေါင်းထဲမှာ အမျိုးသမီးတစ်‌ ယောက်ရဲ့ အော်သံနဲ့ တစ်စုံတစ်ယောက်ရေထဲသို့ ခုန်ဆင်းသံတွေကြားရပြီးနောက်  အရာအားလုံးဟာ  တိတ်ဆိတ်သွားခဲ့သည်။

သူသတိရလာသောအခါ ဥရောပစတိုင်နဲ့ သပ်သပ်ရပ်ရပ်ရှိသော အခန်းတစ်ခုထဲတွင်ရောက်နေပြီး အသက် လေးငါးနှစ်ခန့်ရှိသော ငွေရောင်ဆံပင်နှင့် ကလေးမလေး၏လက်ကို ကိုင်ထားတာကို တွေ့လိုက်ရသည်။

သူစကား တောင်မပြောရ‌ သေးခင်မှာပဲ ဒီကမ္ဘာနှင့်ပတ်သက်သည့် သတင်းအချက်အလက်အားလုံးသည် အလုံးအရင်းနဲ့ သူ့ခေါင်းထဲသို့ ဝင်လာခဲ့သည်။

သူ၏ယခင်ဘဝတွင် မက်ဂ်ချန်သည် နာမည်ကြီးပြီး ချမ်းသာတဲ့  ဒုတိယမျိုးဆက်ကဖြစ်သည်။ သို့သော် သူ့ကိုယ်သူ အစားဂုရုဟု ခေါ်ဆိုပြီး မိသားစုလုပ်ငန်းကို အမွေဆက်ခံရန် လုံးဝစိတ်မဝင်စားပါ။ အဲ့အစား ကမ္ဘာတစ်ဝှမ်းက နာမည်ကြီး အစားအစာတွေအားလုံးကို မြည်းစမ်းကြည့်ဖို့ ပိုစိတ်ဝင်စားခဲ့ပြီး သူစားခဲ့သည့် စားသောက်ဆိုင်တိုင်းရဲ့အကြောင်းကို သူ့ကိုယ်ပိုင်ဘလော့ဂ်မှာ မှတ်ချက်များရေးခဲ့ပါတယ်။ အကောင်းဆုံးဆိုသည့် ကြယ်ပွင့်စားသောက်ဆိုင်အားလုံးနီးပါးကို စားကြည့်ရန် အလွန်အကျွံကြိုးစားခဲ့ပြီး ပြင်းထန် ရက်စက်သော မှတ်ချက်များ‌ ပေးခဲ့သောကြောင့် နှစ်နှစ် သို့မဟုတ် သုံးနှစ်အတွင်းတွင် သူသည် စာဖတ်ပရိသတ် သန်းပေါင်းများစွာကို ရရှိခဲ့သည်။

စားဖိုမှူးနတ်ဘုရားဖေဖေDonde viven las historias. Descúbrelo ahora