၇.၁

411 68 0
                                    

အခန်း (၇.၁)

မက်ဂ်သည် ရေချိုးခန်းကို သန့်ရှင်းရေးလုပ်ရင်း အိပ်နေဆဲဖြစ်သော အေမီကို ကြည့်လိုက်သည်။ထို့နောက် သူမအတွက် ၀တ်စုံတစ်စုံ၊ အသားကပ်ဘောင်းဘီ နှင့် အဖြူရောင်ဖိနပ်လေးကို ကုတင်တစ်ဖက်တွင် တင်ထားလိုက်သည်။ အရမ်းချစ်စရာကောင်းတဲ့ အေမီကို ဒီဝတ်စုံနဲ့ ပုံဖော်ကြည့်လိုက်သောအခါ မက်ဂ်သည် မပြုံးပဲ မနေနိုင်အောင် ဖြစ်သွားသည်။ထွက်လာရာ လမ်းတွင် မက်ဂ်သည် ကလေးများအတွက်သန့်ရှင်း‌ရေးပစ္စည်းတစ်စုံကို ယူကာ တံခါးဖွင့်ပြီး အောက်ထပ်သို့ တိုးတိုးလေး ဆင်းလိုက်သည်။

မက်ဂ် သည် ဤမီးဖိုချောင်နှင့် ပို၍ မရင်းနှီးနိုင်မည်မဟုတ်ပေ။ မနေ့ညက မီးဖိုချောင်သုံးပစ္စည်းမပါသော ဟင်းချက်ခုံတန်းလျားသည် ယခုအခါရန်ကျိုးထမင်းကြော်ပြုလုပ်ရန် သူလိုအပ်သမျှအရာများကို စီစဉ်ပေးထားသည်။ ရေခဲသေတ္တာကိုဖွင့်ကြည့်လိုက်သောအခါ အထဲတွင် လိုအပ်သည့် ပါဝင်ပစ္စည်းများအားလုံးကို တွေ့လိုက်ရသည်။ ရေခဲသေတ္တာဘေးက ဖန်ကန်ထဲတွင် ပုဇွန်များသည် ရွှင်မြူးစွာ ကူးခတ်နေကြပေသည်။

“ဒီအချိန်က ငါ့ရဲ့ စစ်မှန်တဲ့ ဟင်းချက်ကျွမ်းကျင်မှုကို ပြသပြီး အေမီကို မနက်စာ ပြုလုပ်ပေးဖို့ အချိန်ရောက်ပြီ"  မက်ဂ် က သူ့လက်ကို ဆေးပြီးနောက် ဆန်ကို စဆေးလိုက်သည် ။

"ဖေဖေ"
မကြာမီ ဒုတိယထပ်တွင် အေမီသည် အိပ်ချင်မူးတူးနှင့် လှုပ်ရှားလိုက်သော်လည်း  ခါတိုင်းကဲ့သို့ သူ့အ‌ဖေ၏ ခန္ဓာကိုယ်ကို မခံစားရပေ။ သူမလေးသည် လေးလံသောမျက်လုံးများကိုဖွင့်ကာ ထထိုင်လိုက်ပြီးနောက် မရင်းနှီးသောအခန်းကိုကြည့်ကာ အချိန်အတော်ကြာ တောင့်တင်း သွားသည်။

အဲဒီ့နောက်မှာတော့ ဒီအိမ်ဟာ မနေ့ညက သူ့အဖေ ဆောက်ခဲ့တဲ့ အိမ်သစ်ပဲဆိုတာ သတိရသွားတယ်။ ဒါပေမယ့် အခု ခုတင်ကြီးပေါ်မှာ သူ့အဖေကို ဘယ်‌မှာမှ ရှာမတွေ့တော့လို့ နည်းနည်းစိုးရိမ်သွားပြီး သံတန်း‌ လေးကိုကိုင်ကာ ထဖို့ ကြိုးစားလိုက်တယ်။

သို့သော် လမ်းတစ်ဝက်တွင် ကုတင်ဘေးရှိ အနက်ရောင်ဝတ်စုံသည် သူမကို စွဲဆောင်သွား လေသည်။ သူမ၏ မျက်လုံးလေးများ တောက်ပလာကာ သူမသည် အံ့အားသင့်စွာဖြင့် ၀တ်စုံလေးကို ကောက်ကိုင်လိုက်ပြီး သူမ၏မျက်နှာနှင့် ပွတ်လိုက်သည်။၎င်းသည် အလွန်နူးညံ့ချောမွေ့သည်ဟု ခံစားရသည်။ သူမက ဝမ်းသာစွာ အသံတိုးတိုးလေးဖြင့် 

စားဖိုမှူးနတ်ဘုရားဖေဖေWhere stories live. Discover now