စားဖိုမှူး နတ်ဘုရားဖေဖေ
အခန်း (၁၂)“ဟုတ်"
အေမီသည် နာခံစွာဖြင့် ခေါင်းငြိမ့်လိုက်သည်။ သူမသည် မက်ပေါ်မှ ဆင်းခါနီးတွင် ချက်ချင်းရပ်လိုက်လေသည်။
အေမီသည် မက်ကိုကြည့်ရင်း မျက်လုံးများ ဖြည်းညင်းစွာပြူးကျယ်လာသည်။“ဖေဖေ.. ဖေဖေ က အေမီ့ကို ဖေဖေ့လက်ထဲမှာ ချီထားလို့ရတယ် ဖေဖေ့လက်ထဲမှာ အေမီ့ကိုချီထားလို့ရတယ်”
သူမ၏မျက်လုံးများသည် မျက်ရည်များဖြင့်တောက်ပနေပြီး သူမ၏မျက်နှာသည်လည်း အလွန်စိတ်လှုပ်ရှားနေဟန်ရှိပေသည်။ အေမီ၏မှတ်ဉာဏ်ထဲတွင် သူမသည် အိပ်ယာပေါ်တွင်သာ သူမအဖေ၏ရင်ခွင်ထဲ၌ နေနိုင်ပြီး သူမကို မက်သည် မည်သည့်အခါမျှ မပွေ့ဖက်ဖူးပေ။
ထို့သို့မပွေ့ဖက်နိုင်ခြင်းမှာ မက်၏ခန္ဓာကြောင့်မှန်း သူမသိပါသည် .သို့သော် သူမသည် ပွေ့ချီခံခြင်းရ၏အရသာကို အမြဲတမ်းခံစားကြည့်ချင်နေခဲ့သည် ။ဒီနေ့ သူမ၏အိပ်မက်လေးကို အကောင်အထည်ဖော်နိုင်မယ်လို့ ဘယ်သူကထင်မှာလဲ။မက်သည် ပြုံးပြုံးရွှင်ရွှင်ဖြင့် အေမီ၏ချစ်စဖွယ် နှာခေါင်းလေးကို ကိုင်ပြီး ခေါင်းငြိမ့်ကာ
" ဒါပေါ့ နောက်ဆုံးတော့ အေမီ့ကို ဖေဖေ့ရင်ခွင်ထဲမှာ ချီထားနိုင်ပြီ မင်းသမီးတစ်ပါးလိုမျိုးလည်း ပွေ့ချီပေးလို့ရတယ် အေမီလေးလိုချင်တာမှန်သမျှ ဖေဖေကလုပ်ပေးမယ်"
မက်သည် အေမီ့ကိုချီထားစဉ်တွင် သူသည်လည်းအလွန်စိတ်လှုပ်ရှားနေခဲ့ပါသည်။ သေချာတာပေါ့ ခန္ဓာကိုယ်က သူ၏ပထမဦးစားပေးဖြစ်ပါသည်။ မက်သည် ဒီမစ်ရှင်ကိုလုပ်ဆောင်နိုင်ရန်လိုအပ်ပါသည်။ လမ်းပင်အနိုင်နိုင်လျှောက်ရသော အခြေအနေမျိုးကို ပြန်မသွားချင်ပါ။
အေမီသည် မက်၏ရင်ဘက်စီသို့ မျက်နှာအပ်ထားကာ ကြောင်လေးတစ်ကောင်လို တင်းတင်းကျပ်ကျပ်ဖက်ပြီး
" ဖေဖေက အကောင်းဆုံးပဲ" ဟုပြောလိုက်သည်။
မက်သည် ခဏတာငြိမ်သက်သွားလေသည်။ မက်သည် အေမီထုတ်လွှတ်လိုက်သော ခရမ်းပြာမီးတောက်မှလွဲ၍ အေမီ့တွင် မည်သည့်အမှားအယွင်းမှ မရှိသည်ကို သေချာသိပြီးနောက် အနည်းငယ်စိတ်သက်သာရာရသွားပါသည်။ ထို့ပြင် အေမီသည် မက်အတွက် သရုပ်ပြခဲ့ပါသည် ။ သူမသည် ခရမ်းပြာမီးတောက်အား တွေးလိုက်ရုံဖြင့် ၎င်းကို ပြုလုပ်နိုင်သည် မန္တာန်ရွတ်ဆိုရန်မလိုသလို အချိန်လည်းမလိုအပ်ပါ။
သူ၏ယခင်ခန္ဓာပိုင်ရှင်သည်လည်း မှော်ဆရာများအကြောင်းကို သိပ်မသိပေ။ လျှို့ဝှက်ဆန်းကြယ်သော နတ်သူငယ်မင်းသမီးလေးပင် သူ၏မှတ်ဉာဏ်ထဲတွင် ဝေဝါးဝါးသာရှိပါသည်။ သူမ၏ရုပ်ရည်ကိုပင် မက်သည်မမှတ်မိပါ ။အလွန်အစွမ်းရှိသော မှော်ဆရာတစ်ယောက်အဖြစ်သာ ယောင်ဝါးဝါးမှတ်မိပါသည်။
YOU ARE READING
စားဖိုမှူးနတ်ဘုရားဖေဖေ
Fantasyဇာတ်လမ်းအကျဉ်း စင်းမြို့တော်တွင် အလွန်ထူးဆန်းသော စားသောက်ဆိုင်တစ်ခုရှိသည်။ ဤဆိုင်၌ နတ်သူငယ်များ နှင့် လူပုများသည် စားပွဲတစ်လုံးကို အတူတူ မျှဝေစားသောက်ရပေမည်။လူ့ဘီလူးကြီးများသည် ထူးထူးခြားခြားကို ယဉ်ကျေးစွာ ပြုမူဆက်ဆံ နေကြပြီး၊ နဂါးများကိုလည်း စားသ...