အခန်း (၃)

489 73 1
                                    

အခန်း (၃)

“စနစ်က စားသောက်ဆိုင်ကိုသာ အလှဆင်
ပေးမှာဖြစ်ပါတယ်။တခြားအပိုင်းတွေ ပါဝင်မှာ မဟုတ်ပါဘူး” စနစ်က ဖြေကြားလိုက်သည်။

မက်ဂ်သည် သူ့အကျင့်အတိုင်း ညာလက်ဖြင့် မေးစေ့ကို ပွတ်သပ်ကာ ယိုယွင်းနေသော လှေကားထစ်နှင့် မှောင်မဲနေသော ဒုတိယထပ်ကို ကြည့်လိုက်သည်။ထို့နောက် ကောက်ရိုးဖုံးထားသည့် အိပ်ယာကို သတိရသွားသည်။ ဒီနေရာက ငါ့သမီးလေး အိပ်ဖို့နေရာမဟုတ်ဘူး။ ဒီညတော့ ပြောင်းပေးရမယ် လို့ သူတွေးလိုက်ပါသည်။
ထို့ပြင် မက်ဂ် သည် စနစ်မှ မကောင်းသည့်အချက်များကို မခံစားရပါ ။ ထိုအပြစ်‌ပေးမှုသည် မက်ဂ် အား ပြင်းပြင်းထန်ထန် သင်ကြားပြီး ဟင်းချက်ခြင်း၏ နတ်ဘုရား ဖြစ်လာစေရန် တွန်းအားတစ်ခုမျှသာ ဖြစ်ရပါမည်။

ဒီလိုဆိုရင် … မက်ဂ် က အကြံတစ်ခုရလာပြီး

“စနစ်၊ မင်းမှားနေပြီထင်တယ် စားသောက်ဆိုင်အတွက် ဒီအဆောက်အအုံတစ်ခုလုံးကို ငါ ပေးထားပြီးပြီမို့ အားလုံးကို အလှဆင်မှရမယ်‌လေ။ ဒီလောက် စုတ်ချာနေတဲ့ အိမ်မှာ စားသောက်ဆိုင်ကိုဖွင့်ဖို့ ငါလက်မခံနိုင်ဘူး။ပြီး‌တော့ဒုတိယထပ်ကို မပြုပြင်ပဲထားရင် တစ်နေ့နေ့မှာ အုတ်ခဲတစ်လုံး ပြုတ်ကျပြီး ဖောက်သည်တစ်ဦးကို သတ်ပစ်နိုင်တယ်၊ ဒါက အရမ်းဆိုးလိမ့်မယ်၊ အဲ့လူက မသေရင် ပို‌တောင်ဆိုးဦးမယ်၊ သူက ငါ့ကိုပါ သတ်သွားလိမ့်မယ်။ အဲ့လိုဖြစ်လာရင် ငါက ချက်ပြုတ်နည်းကို သင်ယူပြီး အချက်အပြုတ်နတ်ဘုရား ဘယ်လိုဖြစ်လာနိုင်မလဲ။မင်းကြိုက်သလို ဆုံးဖြတ်။”

အတွေးထဲတွင် နစ်မြောနေသလိုပင် စနစ်သည် တိတ်ဆိတ်သွားသည်။ ခဏအကြာတွင်

“အိမ်က အရမ်းအန္တရာယ်များတဲ့အတွက်၊ ခွဲခြမ်းစိတ်ဖြာပြီးတဲ့အခါ စနစ်က အဆောက်အအုံတစ်ခုလုံးကို ပြန်လည်တည်ဆောက်ပြီး အလှဆင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အလှဆင်မှုပုံစံကို ရွေးချယ်ပါ။"

မက်ဂ် တိတ်တိတ်လေးပြုံးလိုက်‌သည်။
ငါမျှော်လင့်ထားသလိုပဲ၊ ဒီလိုမျိုး သိမ်းသွင်းလို့ရတယ်။ငါလိုချင်တာကို တည့်ပြောမနေပဲ လှည့်စားလို့ရတယ်ဟ။

စားဖိုမှူးနတ်ဘုရားဖေဖေTempat cerita menjadi hidup. Temukan sekarang