13

529 84 9
                                    

စားဖိုမှုး နတ်ဘုရားဖေဖေ
အခန်း (၁၃)

မက်သည် ခဏ စောင့်ကြည့်နေလိုက်၏။ အနီးနားရှိဆိုင်များထက် လုံးဝကွဲပြားသော အပြင်အဆင်များရှိသည့် သူ၏ စားသောက်ဆိုင်ကို ဖြတ်သွားဖြတ်လာအချို့က စိတ်ဝင်စားသ‌ယောင်ရှိသော်လည်း ယခုအချိန်ထိ ဆိုင်တွင်းသို့ ဝင်ချင်သူ မည်သူ့ကိုမျှ မတွေ့ခဲ့ရပေ။

မက်သည်ဆိုင်ထဲသို့ ပြန်ဝင်ပြီး စားပွဲများကို ရှင်းလင်းသည်။ထို့နောက် ပန်းကန်များဆေးရန်
မီးဖိုချောင်သို့သွားသည်။ အေမီလေးကမူ ကောင်တာနောက်ရှိ ကုလားထိုင်ရှည်တွင် ထိုင်ပြီး
သူမ၏ လက်ထဲရှိ ခရမ်းပြာမီးကို ဆော့လျက်
မကြာမကြာ မန္တန်တစ်ချို့ရွတ်ဆိုကာ မကျေမနပ်ဖြစ် နေလေသည်။

အရာအားလုံးကို သန့်ရှင်းရေးလုပ်ပြီးနောက် မက်သည် မီးဖိုခန်းထဲမှ ထွက်လိုက်သည်။ စားသုံးသူများ လာမည့် အရိပ်အယောင် မတွေ့ရသေးသဖြင့် အေမီဘေးမှ ကုလားထိုင်ကို ဆွဲယူကာ အေမီ မီးတောက်နှင့်ကစားနေသည်ကို ကြည့်နေသည်။

ရုတ်တရက် အေမီသည် မက်ကို လှည့်ကြည့်လိုက်ပြီး

"ဖေဖေ အေမီ ဒါကို ပစ်ချလိုက်ရင် မှော်ဆရာတွေ ချရင်သုံးတဲ့ မှော်စွမ်းအားတွေလိုမျိုး ဖြစ်မလား"

ဟု မေးလိုက်၏။သူမသည် လက်ကိုမြှောက်လိုက်ပြီး ပစ်ဟန်ပြုလိုက်သည်။

"မလုပ်နဲ့ မလုပ်နဲ့ မဟုတ်ဘူး..."
မက်သည် လက်ကို ချက်ချင်းဝှေ့ယမ်းလိုက်သည်။ အကယ်၍ သူမသာ မီးတောက်ကို ပစ်လိုက်ပါက စားသောက်ဆိုင် ပြိုမကျသော်လည်း စားပွဲနှင့် ကုလားထိုင်အချို့ ပျက်စီးသွားမည်မှာ သေချာပါသည်။ထို့ပြင် ၎င်းစနစ်သည် ငွေနှင့် ပတ်သက်လျှင်  မည်သို့မည်ပုံ ယုတ်ညံ့သည်ကို တွေ့မြင်ရပြီး ဖြစ်ပါသညိ။
လက်ကျန်ငွေ   ကြေးနီဒင်္ဂါး ၂၇၀၀သည်ပင် ထိုအတွက် ပြန်လည်ပေးဆပ်ရန် လုံလောက်မည်မဟုတ်ပေ။

" စိတ်မပူပါနဲ့ ဖေဖေရဲ့ အေမီ တကယ်မပစ်ပါဘူး "
မက်၏ ကြောက်ရွံ့နေသာ မျက်နှာကို ကြည့်ကာ ရယ်မောလိုက်ပြီး  သူမလက်ကို ခါယမ်းလျက် မီးလုံးလေးကို ငြိမ်းသတ်လိုက်သည်။

စားဖိုမှူးနတ်ဘုရားဖေဖေWhere stories live. Discover now