၇.၂

379 66 0
                                    

စားဖိုမှူးနတ်ဘုရားဖေဖေ
အခန်း (၇.၂)

မကြာခင်မှာပဲ မက်ဂ် ချက်‌နေသော ဒယ်အိုးသည်ကောင်မလေးကို ဆွဲဆောင်သွားပါသည်။ သူမသည် အထဲကိုကြည့်ရန် ခြေဖျားထောက်၍ ရပ်လိုက်ကာ

“ဒါပေမယ့် ဖေဖေ အိုးထဲမှာ ဘာရှိလဲ။ ငန်းကင်ထက်တောင် အနံ့က ဘာလို့ အရမ်းမွှေးနေရတာလဲ။ အေမီလေးက ဗိုက်ဆာနေပြီ…”

“ဒါက ရန်ကျိုးထမင်းကြော်လေ။ ဖေဖေတို့ မနက်စာစားကြမယ်။ အဲမှာ ပန်းရောင်သွားတိုက်တံနဲ့ ရေခွက်ရှိတယ်။ အေမီ အရင် သွားတိုက်ပြီး မျက်နှာသစ်‌လိုက်။ အေမီလေး ပြီးသွားရင် မနက်စာလည်း အဆင်သင့်ဖြစ်နေလိမ့်မယ်။ဟုတ်ပြီလား"

မက်ဂ် က ပြုံးပြီးပြောလိုက်သည်။ သူ့ရဲ့အသံကို လည်း အတတ်နိုင်ဆုံး နူးညံ့ပျော့ပြောင်းအောင် ကြိုးစားပြီး ပြောသည်။ သူ့အရင်ဘဝက သူတပါးကို နှိမ့်ချကာအေးစက်စွာ ဆက်ဆံခဲ့ဖူးပြီး စကားပြောသည့်အခါ တစ်ခါမှ မပြုံးဖူးပါဘူး။ ယခုတော့ သူသည် နူးညံ့သိမ်မွေ့ပြီး ကြင်နာတတ်သော ဖခင်တစ်ဦးအဖြစ် လိုက်လျောညီထွေဖြစ်အောင် ကြိုးစားနေခဲ့သည်။ အေမီ‌လေးကို အတတ်နိုင်ဆုံး အကောင်းဆုံးဘဝတစ်ခုကို ပေးချင်ပါသည်။

“ဟုတ်”

အေမီသည် နာခံမှုအပြည့်ဖြင့် ခေါင်းညိတ်လိုက်ပြီး မကျေမနပ်ဖြင့် သွားတိုက်တံနှင့် ရေခွက်ဆီသို့  လျှောက်မသွားမီ အိုးထဲသို့ နောက်တစ်ဖန်လှည့်ကြည့်လိုက်သည်။ ပြီးမှ မက်ဂ် ၏လမ်းညွှန်မှုဖြင့် ပထမဆုံးအကြိမ် သွားတိုက်သည်။

မက်ဂ်သည် ထမင်းကို သေချာချက်လိုက်သည်။ ပြီးသွားသောအခါတွင် သူက ဂတ်စ်ကိုပိတ်ပြီး ထမင်းကို အိုးထဲမှပန်းကန်ထဲသို့ ထည့်လိုက်သည်။အရောင်စုံစွာ စိုပြည်တောက်ပနေသော ရန်ကျိုး  ထမင်းကြော်တစ်ပန်းကန်သည် အဆင်သင့်ဖြစ်နေပါပြီ။

အေမီ က သွားတိုက်ပြီး မက်ဂ် ဆီကို အမြန်ပြေးသွားလိုက်သည်။မတူကွဲပြားသော အရောင်များဖြင့် ရောစပ်ထားသော ရန်ကျိုးထမင်းကြော်ကို ကြည့်ရင်း သူမ၏ မျက်လုံးလေးများသည် ချက်ချင်းပင် တောက်ပလာခဲ့သည်။

"ဝိုး အရမ်းလှတာပဲ။ဖေဖေက အရမ်းအံ့သြဖို့ကောင်းတယ်”
အေမီသည် သူ့ကို လေးလေးနက်နက် ချီးကျူးလိုက်သည်။

“ကောင်းပြီ။ဒါကို ဖေဖေကလက်ခံတယ်"
မက်ဂ်က ခေါင်းညိတ်သည်။ သူသည် မပြုံးပဲ မနေနိုင်ပေ။ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတစ်ခုက သူ့တစ်ကိုယ်လုံး ပြည့်နှက်နေသလို ခံစားလိုက်ရသည်။

အေမီသည် အနံ့ခံရန် ရှေ့ကို ကိုင်းလိုက်ကာ တံတွေးကို မျိုချလိုက်သည်။သူမသည် မက်ဂ်ကိုကြည့်ကာ နှုတ်ခမ်းလေးများကိုစူလိုက်သည်။

“အနံ့က အရမ်းမွှေးနေပြီ ဖေဖေ။ အေမီလေးက ရန် စားချင်တယ်... ရန်ကျိုး ထမင်းကြော်"

အေမီလေး သည် ကလေးဆိုးတစ်ယောက်လို ပြုမူ နေသည်ကို ကြည့်ပြီး မက်ဂ်၏ နှလုံးသားသည် အရည်ပျော်လုနီးပါး ဖြစ်‌နေပေပြီ။

“ဒါက အေမီလေးအတွက်ပဲ” လို့ ဆိုးဆိုးရွားရွား ပြောချင်ပေမယ့် သူ့ပါးစပ်ကို ထိန်းထားလိုက်သည်။ သူမ‌၏ပါးစပ်ထောင့်စွန်းမှ အမြှုပ်များကို သုတ် ပေးလိုက်ပြီး ခေါင်းယမ်းလိုက်သည်။

"ခု မစားရသေးဘူး။ အခုကစပြီး ထမင်းမစားခင် လက်ကိုအရင်ဆေးရမယ်။"

"ဒါဆို မြန်မြန်သွားရအောင် ဖေဖေ။"

အေမီသည် မက်ဂ် ၏လက်ကိုဆွဲယူပြီး ဘေစင်ဆီသို့ ဆွဲခေါ်သွားသည်။

မက်ဂ် မျက်ခုံးပင့်လိုက်သည်။တစ်ခုခုမှားနေပုံရသည်။ သူမလေးသည် သူ့အပေါ် အနည်းငယ် ငြိုငြင်သွားပုံရသည်။

အေမီ က သူ့လက်ကို ဆေးပြီး‌သောအခါ မက်ဂ်သည် သူတို့ မနေ့က စားနေကျ စားပွဲပေါ်သို့ထမင်းကြော်ကို ယူသွားလိုက်သည်။ အေမီက သူ့ထိုင်ခုံမှာ စောင့်နေပြီး သူမ၏လက်လေးသည် ဇွန်းသေးသေးလေးကိုလည်း အဆင်သင့် ကိုင်ထား‌ လေသည်။ မက်ဂ်ရဲ့လက်ထဲက ထမင်းကြော်ပန်းကန်ကို လှမ်းကြည့်နေ‌ သော သူမမျက်လုံးများသည် မက်ဂ် အဲဒီ့တံခါးက ထွက်သွားကတည်းက မျှော်လင့်ချက်အပြည့်နှင့် ဖြစ်သည်။

မက်ဂ် ပန်းကန်ပြားကို ချလိုက်ပြီး ကလေးမလေးရဲ့ ခေါင်းကို ပွတ်ရင်း ပြုံးလိုက်မိသည်။

"ကဲ စားလို့ရပါပြီဗျာ"

TN-မနက်ဖြန်တော့ အေမီလေး ရန်ကျိုးထမင်းကြော်တကယ်စားရပါပြီ။🤣🤣
နိုဗယ်ထဲမှာ တစ်ရက်ပဲရှိသေးပေမယ့် ၇ပိုင်းတောင်ရောက်နေပြီ။🥲🥲

စားဖိုမှူးနတ်ဘုရားဖေဖေOnde histórias criam vida. Descubra agora