၁၈

201 38 7
                                    

အေမီလေးက တအားချစ်ဖို့ကာင်းနေပြီ 😆😆❤️
လူလည်လည်းကျတတ်သေး

စောစောတင်ပေးလိုက်တယ်နော်
Reactများများပေးပါ😝😝

စားဖိုမှူး နတ်ဘုရားဖေဖေ
အခန်း (၁၈)

မက်ဂ် နည်းနည်း အံ့ဩသွားသည်။ သူကြော်သည့် ရန်ကျိုးထမင်းကြော်မှာ အရသာကောင်းသည့်အပြင် တစ်ပွဲတွင်ပါသော ထမင်းကြော်ပမာဏမှာလည်း မနည်းလှ။ အစားကြီးသောလူတစ်ယောက်အတွက်ပင် ထမင်းကြော်နှစ်ပွဲမှာ အလွန်များနေပြီဖြစ်သည်။

“လူပုတွေမှာ အစာအိမ်က ပိုကြီးတာလား”

ဟုတွေးမိ၏။

မက်ဂ်သည် ဇဝေဇဝါဖြစ်နေသော်လည်း သူ၏မျက်နှာတွင် ထုတ်မပြချေ။ ခေါင်းငြိမ့်ပြပြီး

“ကောင်းပါပြီ။ ခဏစောင့်ပါခင်ဗျာ။” 

ထို့နောက် စားပွဲပေါ်မှ စားပြီးသား ပန်းကန်အလွတ်ကိုယူ၍ မီးဖိုချောင်ထဲသို့ပြန်ဝင်သွားလေသည်။မိုဘိုင်မှာ ထမင်းကြော်အား တစ်ဇွန်းပြီးတစ်ဇွန်း ခေါင်းမဖော်တန်းစားနေ၏။ ပို၍များများစားလေ ပို၍ပျော်လာလေဖြစ်သည်။ သူသည် ဤမျှလောက် အရသာကောင်းမွန်သော အစားအစာတွင် အဆင့်အလယ်အလတ်ရှိပြန်လည်ကုသမှုဆေးရည်ထက်ပို၍ကောင်းသော အရည်အသွေးရှိနေမည်ဟု မမျှော်လင့်ထားပေ။ ဒီအတိုင်းသာဆိုလျှင် သူအကျန်းမာဆုံးအချိန်မှ အခြေအနေကိုပင် ပြန်လည်ရရှိနိုင်လောက်သည်ဟု ခံစားနေရပြီး နောက် ၁၀ နှစ်ခန့် မပူမပင် အလုပ်လုပ်နိုင်လောက်မည်။

“ဝါး, ဖိုးဖိုးကြီးက အရမ်းအံ့ဩစရာကောင်းတာပဲ။ သုံးပွဲတောင် စားနိုင်တယ်လား..”

အေမီမှာ ပါးစပ်လေး အဟောင်းသားဖြင့် မိုဘိုင်အား အားကျနေသည့်မျက်လုံးများဖြင့် ကြည့်နေသည်မှာ အလွန်တရာ ချစ်စရာကောင်းလှသည်။

မိုဘိုင်သည် ခေါင်းတချက်မော့၍ အေမီအား ကြည့်လိုက်သည်။ ပထမဆုံးအကြိမ်အနေဖြင့် ကလေးမလေးမှာ သူ့အား အထင်သေးသော မျက်လုံးများဖြင့် မကြည့်နေချေ။ သူ အနည်းငယ်ပင် မြောက်တောက်တောက်ဖြစ်သွားပြီး သူ့ကိုယ်သူသတိမထားမိခင်တွင် ခါးဆန့်ကာ ခပ်မတ်မတ်ထိုင်ပြီး ဖြစ်နေသည်။ သူနောက်ထပ်ပါးစပ်အပြည့်တစ်လုတ်စားလိုက်ပြီး အေမီအား ပြန်လှည့်ပြောလိုက်သည်။

စားဖိုမှူးနတ်ဘုရားဖေဖေDonde viven las historias. Descúbrelo ahora