စားဖိုမှူးနတ်ဘုရားဖေဖေ
ရေကိုမြေအောက်လမ်းကြောင်းတစ်ခုမှ ဆက်သွယ်ထားသော်လည်း ၎င်းကို နတ်သူငယ်တို့ကိုယ်တိုင် မလုပ်ကြည့်ရသေးသည့်အတွက် လွန်လွန်ကဲကဲဖြစ်နေပါသေးသည်။
တစ်ခြားအရာများမှာမူ မှိုများကို နတ်ဆိုးများ၏ ဝိဉာဉ်ကျွန်းများတွင်စိုက်ပျိုးထားကြသည်။ ဝက်ပေါင်ခြောက်ကို သစ်တောမှင်စာများ၏နယ်မြေတွင်သာရှိသော အရိပ်ဝက်များဖြင့်ပြုလုပ်ထားသည်။ ဆောင်းမျှစ်များကို မှင်စာများ၏ မြင့်မြတ်သောနယ်မြေဖြစ်သည့်
ဘစ်တောင်ပေါ်ရှိအနက်ရောင်မြေဆီမှ တူးယူခဲ့သည်။ ဥများကိုမူ လူပုလေးများနေထိုင်ရာ နေရာဖြစ်သည့် အဒ်ဆန်ရဲတိုက်အနီးရှိ ကြက်ဥမွေးမြူရေးခြံမှ ထုတ်ယူခဲ့ခြင်းဖြစ်သည်။ ကြက်သွန်မြိတ်များသည်ပင် လော့မဲဒ်ဆိပ်ကမ်းနားက ဆားငံအယ်ကာလီမြေတွင်စိုက်ပျိုးထားသည်။ ၎င်းတို့၏အရသာသည် သာမန်ကြက်သွန်မြိတ်များထက်ပို၍ကောင်းသည်ဟုပြောကြသည်။မက်၏ယခင်ခန္ဓာကိုယ်ပိုင်ရှင်သည် ရော့အင်ပါယာ၏စစ်သူကြီးတစ်ယောက်ဖြစ်သည်။ ထို့ကြောင့်သူသည် တိုက်ကြီး၏ တည်နေရာသွင်ပြင်အနေအထားနှင့် အရေးကြီးသောဒေသများအကြောင်းကိုကောင်းစွာသိရှိသည်။
မက်ဂ်သည် သူ၏ယခင်ဘဝတွင် မိသားစုလုပ်ငန်းကို အမွေမဆက်ခံခဲ့သော်လည်း သူသည် ထိုမိသားစုတွင် ကြီးပြင်းလာသောကြောင့် ၎င်းသည် သူ့အပေါ်တွင် အနည်းငယ်သက်ရောက်မှုရှိပေသည်။ သူ၏မှတ်ဉာဏ်များဖြင့်နှိုင်းယှဉ်ကြည့်ခြင်းအားဖြင့် ယခုပါဝင်ပစ္စည်းများသည် မည်မျှအဖိုးတန်သည်ကို အလွယ်တကူသိနိုင်ပါသည်။
တစ်ကောင်လျှင် ကြေးဒင်္ဂါး ၅၀တန်သော ခရမ်းအစင်းကျားပုစွန်သည် စျေးကြီးသလား။မဟုတ်ပါဘူး ။စျေးဆယ်ဆတိုးသွားရင်တောင်မှ မက်က စျေးကြီးတယ်လို့ထင်မှာမဟုတ်ဘူး။
ဤပါဝင်ပစ္စည်းများသည် ၎င်းတို့၏ ပင်မနေရာ၌ပင် သူတို့၏ဈေးမှာမသေးလှပါ။ငွေဖြင့်ဝယ်လို့မရသည့် အကောင်းဆုံးအရာများထဲမှ အကောင်းဆုံးအရာများဖြစ်ပါသည်။
ထို့ပြင် ၎င်းတို့ကို ဤနေရာသို့ ယူဆောင်လာခြင်းသည် ၎င်းတို့၏စျေးနှုန်းကို ပိုမိုမြင့်တက်စေသည်။ လတ်ဆတ်မှုကိုထိန်းသိမ်းထားခြင်းနှင့်လေကြောင်းသယ်ယူပို့ဆောင်ရေးဆိုင်ရာနည်းပညာများသည် ဤနေရာတွင်အလွန်အဆင့်မြင့်ခြင်းမရှိသေးပါ။
YOU ARE READING
စားဖိုမှူးနတ်ဘုရားဖေဖေ
Fantasyဇာတ်လမ်းအကျဉ်း စင်းမြို့တော်တွင် အလွန်ထူးဆန်းသော စားသောက်ဆိုင်တစ်ခုရှိသည်။ ဤဆိုင်၌ နတ်သူငယ်များ နှင့် လူပုများသည် စားပွဲတစ်လုံးကို အတူတူ မျှဝေစားသောက်ရပေမည်။လူ့ဘီလူးကြီးများသည် ထူးထူးခြားခြားကို ယဉ်ကျေးစွာ ပြုမူဆက်ဆံ နေကြပြီး၊ နဂါးများကိုလည်း စားသ...