8.2

363 68 1
                                    

စားဖိုမှူးနတ်ဘုရားဖေဖေ
အခန်း (8.2)

အကုန် ပြောင်နေအောင် စားပြီးသောအခါ အေမီသည် ပန်းကန်ပြားကို လက်နှစ်ဘက်ဖြင့် ကိုင်ကာ လျှာဖြင့် လျက်လိုက်သည်။ နောက်ဆုံး  ကျန်နေသော ပုစွန်အသားနည်းနည်းလေးကိုတောင် မချန်ထားခဲ့ပါဘူး။ ပြီးမှ ပန်းကန်ပြားကို ချလိုက်ပြီး မျှော်လင့်ချက်များစွာဖြင့်

“‌ အေမီလေးကို နောက်တစ်ပွဲလောက် ပေးပါ ဖေဖေ။ အေမီက သက်တန့်ထမင်းကြော် များကြီး စားချင်တယ်။ အရမ်း အရမ်းအရသာရှိတယ်။”

"နောက်တစ်ပွဲ"

မက်ဂ်သည် အနည်းငယ် အံ့သြသွားပြီး ဘာမှမရှိတော့သည့် ပန်းကန်ပြားကို တစ်ချက်ကြည့်လိုက်သည်။ သူပေးခဲ့သည့် ပမာဏသည် အရွယ်ရောက်ပြီးသူတစ်ယောက် စားနိုင်သည့် ပမာဏဖြစ်သည်။ သို့သော် အေမီသည် အကုန် စားပစ်ရုံသာမက ထပ်လိုချင်နေခဲ့ပါသည်။

"ဟုတ်တယ် အေမီလေး ထပ်လိုချင်တယ်"

အေမီလေးသည် ခေါင်းညိတ်ပြပြီး သူမ၏ မျက်လုံးလေးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ မျှော်လင့်ချက်အပြည့်နဲ့ မက်ဂ် ကို ကြည့်လိုက်သည်။ သို့သော်  သူမသည် ပြန်စဉ်းစားကြည့်လိုက်ပြီး မီးဖိုချောင်ဆီသို့ အနည်းငယ် စူးစမ်းကြည့်လိုက်ပြီးနောက် တုံ့ဆိုင်းသွားကာ

“ဒါပေမယ့် ဖေဖေက မစားရသေးဘူး။ အေမီတို့မှာ ဆန်အလုံအလောက်ရှိရဲ့လား။ အေမီ‌လေး
ထပ်မစားတော့ပါဘူး”

“ ဒါပေါ့ ဖေဖေတို့မှာ ဆန်အများကြီးရှိတယ်။ ပြီးတော့ အေမီလေးရဲ့ ထမင်းကြော်ကို ဖေဖေက အကြီးကြီး တစ်လုတ်စားလိုက်တယ်လေ။ အဲဒါကြောင့် အေမီလေးက ဗိုက်ဆာနေသေးတာ။ ဖေဖေက နောက်တစ်ပွဲထပ်လုပ်ပြီး အေမီနဲ့  တူတူ စားမယ် ဟုတ်ပြီလား"

မက်ဂ်သည် အေမီ၏ဆံပင်ကိုပွတ်ကာ ပြုံးလိုက်သည်။ ဒီသေးသေးလေးက သူ့အတွက် အမြဲတွေးပေးပြီးတော့ အရမ်းငဲ့ညှာပါသည်။

မက်ဂ် သည် သူ့မှတ်ဥာဏ်ထဲတွင် ရှာဖွေခဲ့ရာ အေမီသည် အသက်လေးနှစ်သာရှိသေးသော်လည်း အရွယ်ရောက်ပြီးသူတစ်‌ယောက်ကဲ့သို့
နှစ်ပန်းကန်စားနိုင်ကြောင်း တွေ့ရှိခဲ့ရသည်။ ထို့ပြင် သူမလေးသည် အရသာရှိသည့် ထမင်းကြော်ကို ပထမဆုံး စားဖူးခြင်းဖြစ်သည့်အတွက် နောက်ထပ်စားချင်နေမည် ဆိုသည်မှာ နားလည်နိုင်ပါသည်။ သို့တိုင် မက်ဂ်သည် သူမအား ရင်ပြည့်ရင်ကယ် မဖြစ်‌စေချင်‌ပါ။မနက်စောစော ဖြစ်နေသေးသဖြင့် ထမင်း‌ကြော်ကို ပန်းကန်လုံးတစ်ဝက်လောက်ပဲ ထပ်ပေးဖို့ ဆုံးဖြတ်လိုက်ပါ‌တော့သည်။

စားဖိုမှူးနတ်ဘုရားဖေဖေWhere stories live. Discover now