အခန်း (၆.၁)

393 65 0
                                    


စားဖိုမှုးနတ်ဘုရားဖေဖေ
အခန်း (၆.၁)

မျှစ်အချပ်နှစ်ဆယ်ကို ဖြတ်တောက်ပြီးသောအခါ မက်ဂ်သည် နှစ်ချပ်ကို ကောက်ယူလိုက်သည်။ထို့နောက် မျက်စိရှေ့တွင် သေချာ နှိုင်းယှဉ်ကာ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ အခု‌ တော့ ပိုကောင်းလာပုံရတယ်။

သူ ခေါင်းငုံ့ပြီး သူလုပ်ထားသည့် မျှစ်ချပ်များကို ကြည့်လိုက်သည်။အင်တုံတစ်ခုလူံး ပြည့်နေသည့် မျှစ်များကို ကြည့်ပြီး သူဘာမှမတတ်နိုင်ပေမယ့်အနည်းငယ် ခံစားသွားရလေသည်။ စားဖိုမှူးဖြစ်ရခြင်းသည် ဤမျှခက်ခဲ‌ ပေသည်။

သူ့ခေါင်းထဲမှာ ပြည့်စုံတဲ့ ဖြတ်တောက်ခြင်း ကျွမ်းကျင်မှုတွေ ရှိနေပေမယ့် တကယ်လက်တွေ့လုပ်တဲ့အခါမှာတော့ ဒါက သူလုပ်နိုင်သမျှ အကောင်းဆုံးဖြစ်လေသည်။ အစကနေစပြီး သင်ယူရမယ့်သူအတွက်ဆိုရင် ဒီ ဖြတ်တောက်ခြင်းကို ကျွမ်းကျင်ဖို့အတွက် နှစ်ပေါင်းများစွာ သင်ယူရမှာ သေချာပါတယ်။

စားဖိုမှူးတွေကို ဝေဖန်ဖို့ သူရေးဖူးတဲ့ မှတ်ချက်တွေကို တွေးကြည့်တော့ ပထမဆုံးအကြိမ် သူ ရှက်ရွံ့သလို ခံစားလိုက်ရတယ်။

ယခု အဆိုပါမှတ်ချက်များသည် မစ်ရှင်ပြီးမြောက်ရန် သူလုပ်ရမည့် စံနှုန်းတစ်ခုဖြစ်လာပြီး သူလုပ်ခဲ့သမျှ ပြန်ပေးဆပ်နေရပုံ ပေါ်ပါသည်။

“စနစ် ဒီနှုန်းနဲ့ဆိုရင် ငါက ဖြတ်တောက်မှုစွမ်းရည် အတွက်ကိုပဲ အပတ်ပေါင်းများစွာ အချိန် ယူရလိမ့်မယ်။ မစ်ရှင်ကို သုံးရက်အတွင်း ပြီးအောင်လုပ်ဖို့ဆိုတာ ငါ့အတွက် သေချာပေါက်မဖြစ်နိုင်ဘူး  မဟုတ်ဘူးလား” မက်ဂ်က သူ့လက်တွေကို ရပ်တန့်လိုက်ပြီး စိတ်ထဲက မေးလိုက်ပါသည်။

"စမ်းသပ်ကွင်းမှာ၊ အချိန်က 365:1 အချိုးရှိပါတယ်"
စနစ်က ဖြေလိုက်သည်။
“ဒီမှာ တစ်နှစ်က ပြင်ပကမ္ဘာမှာ တစ်ရက်ပဲရှိတယ်။ ဒါ့အပြင် သင်က ဒီနေရာမှာ အိပ်စက်အနားယူရန် မလိုအပ်ဘဲ ပင်ပန်းနွမ်းနယ်မှုကိုလည်း ခံစားရမှာမဟုတ်ဘူး။ပါဝင်ပစ္စည်းများကိုလည်း မကန့်သတ်ထားပါဘူး။မင်းက အချက်အပြုတ်နတ်ဘုရားဖြစ်ဖို့ စိတ်ပိုင်းဖြတ်ကာ မစ်ရှင်ကို ပြီးအောင်လုပ်ပြီး မကြာခင် ဒီကနေ ထွက်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။”

စားဖိုမှူးနတ်ဘုရားဖေဖေOnde histórias criam vida. Descubra agora