9.1

364 49 2
                                    

အခန်း  (၉.၁)
စားဖိုမှူးနတ်ဘုရားဖေဖေ

အေမီသည် စားပွဲဘေးတွင် ပန်းကန်ပြားကို ကိုင်ဆောင်ထားဆဲရှိသည့်  စိတ်နှင့်ကိုယ်နှင့်မကပ်ဖြစ်‌နေသော မက်ဂ်ကို ကြည့်လိုက်သည်။

"ဘာဖြစ်လို့လဲ ဖေဖေ"
အေမီ‌လေးသည် သူ့အဖေရဲ့ အပြုအမူကို နားမလည်နိုင်ဘဲ မေးလိုက်လေသည်။

"အိုး ဘာမှမဟုတ်ပါဘူး အေမီလေး။"

မက်ဂ်က ခေါင်းကို အမြန်ခါကာ ပြုံးလိုက်သည်။

“ဒီမှာ ရော့  ရေသောက်ပြီး စားသောက်ဆိုင်ထဲမှာ ကစားနေလိုက်။ ဖေဖေက ထမင်းကြော် လိုက်ဦးမယ်"

သူက ဖန်ခွက်ကို အေမီ စီသို့ တွန်းပေးပြီး မီးဖိုချောင်ဘက်သို့ အလျင်အမြန် လျှောက်သွားသည်။

“လှလိုက်တဲ့ သလင်းကျောက်ကြီး”

အေမီက ဖောက်ထွင်းမြင် နေရသော ဖန်ခွက်ကို သူမလက်ထဲတွင် ပျော်ရွှင်စွာ ကိုင်ထားသည်။ သူမသည် စားပွဲပေါ် မှီပြီး ဖန်ခွက်ကို ဘယ်ဘက်မှ ကြည့်ပြီး တစ်ဖန် ညာဖက်ကို ထပ်ကြည့်ကာ  ထိုခွက်ထဲမှ ရေသောက်ရန် သည်းမခံနိုင်တော့ပေ။

မက်ဂ်က မီးဖိုချောင်ထဲကို ဝင်လိုက်သည်နှင့် စနစ်၏တည်ငြိမ်သည့် အသံက ထပ်ပြီး ထွက်ပေါ်လာလေသည်။

“မီးဖိုချောင်မှာရှိတဲ့ ပါဝင်ပစ္စည်းတွေအားလုံးဟာ တိုက်ကြီးတစ်ဝှမ်းမှာရှိတဲ့ စနစ်ရဲ့လယ်ယာ၊ ငါးဖမ်းလုပ်ငန်းနဲ့ စားကျက်တွေကနေ လာတာဖြစ်တယ်။ သူတို့ရဲ့ စျေးနှုန်းက သူတို့ရဲ့ နယ်မြေမှာရှိတဲ့ ဈေးနဲ့ အတူတူပါပဲ။ သယ်ယူစရိတ်လည်း ကောက်ခံခြင်းမရှိပါ။ ဒီစျေးနှုန်းက လုံးဝသင့်လျော်ပါတယ်။ အဲဒါကို မင်း ယုံကြည်စိတ်ချနိုင်တယ်။"

"ပဲတီစိမ်းတစ်တောင့် ကို ကြေးနီတစ်ပြားက ဘယ်လိုများ ကျိုးကြောင်းဆီလျော်သွားတာလဲ"

မက်ဂ် က အပေါ်နှုတ်ခမ်းကို တွန့်လိုက်သည်။ အကယ်၍ သူသည် စနစ်က မကျေနပ်ခြင်းကြောင့် ဖြစ်လာနိုင်သည့် အန္တရာယ်ရှိသော ပြစ်ဒဏ်အတွက် စိတ်မပူပါက ၎င်းကို သူ၏ ကြမ်းတမ်းသော လျှာဖြင့် စတင်ဝေဖန်နေပေလိမ့်မည်။

စားဖိုမှူးနတ်ဘုရားဖေဖေWhere stories live. Discover now