16

206 43 2
                                    

Enjoy !😊😊

စားဖိုမှူး နတ်ဘုရားဖေဖေ
အခန်း (၁၆)

မိုဘိုင်သည် ပြောလိုက်ပြီး‌နောက် အနည်းငယ် ရှက်သွားသည်။ သူသည် ထမင်းကြော်၏ အရသာကို အမျိုးမျိုး မေးခွန်းထုတ်နေခဲ့ရာမှ ယခု သူကိုယ်တိုင်ထ၍ မှာနေသောကြောင့် ဖြစ်၏။ အခြေအနေများပြောင်းလဲသွားပုံမှာ အတော်ပင် ဟန်ပန်မကျလှပေ။
မိုဘိုင်သည် သူရှေ့တွင် အားရပါးရစားနေသော
အေမီလေးကို ကြည့်၍ သူ့ကိုယ်သူ ပြန်ပြောလိုက်သည်။
“ဒီကလေးမလေးက အရမ်းကို ပျော်ရွှင်ပြီးစားနေလို့ ငါ့စိတ်ငါထိန်းမရဖြစ်သွားတာ..”

ထို့နောက် ထမင်းကြော်ကို မျှော်ပြီးကြည့်ရက်သား ဖြစ်နေသော ခေါင်းကို ပြန်မတ်လိုက်ပြီး အသံကို ပြန်တည်၍ ပြောလိုက်သည်။

“ငါအရမ်းစားချင်လို့ မှာတာမဟုတ်ဘူးနော်။ ကလေးမလေးက အရမ်းညွှန်းနေလို့ တစ်ပွဲစမ်းစားကြည့်တာ။”
မက်ဂ်လည်း ခေါင်းတချက် ညှိမ့်ကာ

“ကောင်းပါပြီ။ ခဏတော့ စောင့်ပါ။”

ဒီလို အချိန်တွင် သူစကားအများကြီး မပြောနိုင်တော့။ လူပုအဖိုးကြီး၏ အတည်ပေါက်ဖမ်းသည့် လေသံက ရီစရာကောင်းလွန်း၍ ဖြစ်သည်။ သို့သော် နောက်သို့လှည့်ချိန်တွင်တော့ တပြုံးပြုံးဖြစ်နေလေသည်။

“ဖိုးဖိုး.. ဒီသက်တန့်ထမင်းကြော်က တကယ်ကို အရမ်းကောင်းတာနော်။”

ပြောကာဆိုကာနှင့် အေမီလေးသည် ဇွန်းဖြင့် တစ်ဇွန်းအပြည့် ပါးစပ်ထည့်သို့ ထည့်လိုက်သည်။” ထို့နောက် နောက်တစ်ဇွန်းခတ်၍
“အရမ်းလည်းလှတာ.. ဟုတ်တယ်ဟုတ်?.. ဖိုးဖိုး အရမ်းစားချင်နေပြီမှတ်လား။”

ကြက်ဥနှစ်ဖြင့် နယ်ထားပြီး အရွက်၊ အသားစများဖြင့် စုံနေသော ဇွန်းထဲရှိ ထမင်းကြော်ကိုကြည့်ပြီး ကလေးမလေး၏ ကောင်းကင်တမျှ ကြည်လင်နေသော မျက်လုံးများကို တဖန်မြင်လိုက်ရသည့်အခါ မိုဘိုင် သူ့ကိုယ်သူ သတိမထားမိခင်မှာပင် ခေါင်းညိမ့်ပြီး ဖြစ်နေလေသည်။

အေမီကလည်း ခေါင်းတညိမ့်ညိမ့်ဖြင့်

“အာ့ဆို မီးမီးစားတာကြည့်”

စားဖိုမှူးနတ်ဘုရားဖေဖေWhere stories live. Discover now