Merry Christmas ⛄ 🎄 🎄
စားဖိုမှူး နတ်ဘုရားဖေဖေ
အခန်း (၁၉)မက်ဂ် ရုတ်တရက်တော့ နားမလည်လိုက်ချေ။ ထို့နောက် အေမီလေးသည် သူကိုယ်တိုင် ငွေမကောက်လိုက်နိုင်၍ သူ့ကိုယ်သူ အကူအညီမရ ဟုထင်၍ ထိုသို့ပြောမှန်း သဘောပေါက်သွား၏။
မက်ဂ်လည်း ပြင်ဆင်လာသော ထမင်းကြော်ပန်းကန်အား စားပွဲပေါ်သို့ ချ၍ ဝမ်းနည်းနေသော အေမီ၏ မျက်နှာလေးကို ကြည့်ကာ စိတ်ထဲတွင် နေမထိထိုင်မသာဖြစ်သွားသည်။ သမီးလေးမှာ သူ့ကိုယ်သူ ယုံကြည်မှူမရှိသေးသည့်ပုံ။ တကယ်တန်း မက်ဂ်မှာမူ လေးနှစ်ကျော်မျှသာရှိသေးသော အေမီလေးသည် ထိုသို့လုပ်နိုင်သည်ကိုပင် အထင်ကြီးစရာဖြစ်သည်ဟု ခံစားနေရသည်။
မက်ဂ်သည် အေမီလေး၏ မျက်လုံးများကို ကြည့်ရင်း ခေါင်းတခါခါဖြင့်
“ဘယ်သူပြောလဲ သမီးလေးက အသုံးမကျဘူးလို့.. ဘာလို့ ကိုယ့်ကိုယ်ကို အဲ့လိုထင်ရတာလဲ အေမီလေးရဲ့.. ဒီနေ့ ရန်ကျိုးထမင်းကြော် ၄ပွဲ ရောင်းရတာ အေမီလေးရဲ့ အကူအညီအများကြီးပါတာပဲ... ပြီးတော့ သမီး
ကြေးဒင်္ဂါး ၂၄၀၀ ကျတာတောင် မှန်အောင်တွက်နိုင်တယ်လေ..အဖိုးကြီးမိုမှာ ကြေးဒင်္ဂါးအများကြီးမပါလို့ ဒီလို ရွှေဒင်္ဂါးလှလှလေးတွေ ပေးသွားတာပေါ့..”“တကယ်လား ဖေဖေ”
အေမီလေးသည် မက်ဂ်၏ ပြောစကားများကို နားထောင်ရင်း မျက်လုံးများအရောင်တောက်သတက် တောက်လာလေသည်။
မက်ဂ်က ခေါင်းညိမ့်ပြီး
“ဒါပေါ့ သမီးရဲ့၊ သမီးလေး အရင်က ရွှေဒင်္ဂါးမမြင်ဖူးတာ ဖေဖေအပြစ်ပါ။ ဖေဖေမရှာနိုင်ခဲ့လို့။ အပြစ်တင်ကြေးဆို ဖေဖေ့ကို အပြစ်တင်ရမှာ။ ငွေဒင်္ဂါးတို့ ရွှေဒင်္ဂါးတို့ နဂါးဒင်္ဂါးပြားတို့ဆိုတာ ကြေးဒင်္ဂါးနဲ့တူတူပဲ။ ပစ္စည်းတွေဝယ်ဖို့ သုံးလို့ရတယ်။ အေမီ့ကို မပြောပြမိတာ ဖေဖေမှားတာပါ။ ဖေဖေ့ကို ခွှင့်လွှတ်နော်။”
မက်ဂ်မျက်နှာတွင် ကိုယ့်ကိုယ်ကို အပြစ်တင်နေမှုများ ထင်ရှားနေသည်။
“ဖေဖေ့အပြစ်မဟုတ်ပါဘူး။ ဖေဖေက သမီးအပေါ် အရမ်းကောင်းတာကို။”
YOU ARE READING
စားဖိုမှူးနတ်ဘုရားဖေဖေ
Fantasyဇာတ်လမ်းအကျဉ်း စင်းမြို့တော်တွင် အလွန်ထူးဆန်းသော စားသောက်ဆိုင်တစ်ခုရှိသည်။ ဤဆိုင်၌ နတ်သူငယ်များ နှင့် လူပုများသည် စားပွဲတစ်လုံးကို အတူတူ မျှဝေစားသောက်ရပေမည်။လူ့ဘီလူးကြီးများသည် ထူးထူးခြားခြားကို ယဉ်ကျေးစွာ ပြုမူဆက်ဆံ နေကြပြီး၊ နဂါးများကိုလည်း စားသ...