၁၅

236 45 6
                                    

စားဖိုမှူး နတ်ဘုရားဖေဖေ
အခန်း (၁၅)

မက်ဂ်ဟာ ခပ်ပြုံးပြုံးပင် သူ့ ခေါင်းကို ခါရမ်းလိုက်ပြီး တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

“မလွဲပါဘူးခင်ဗျာ။ ကျွန်တော်တို့ အခုမှစဖွင့်တဲ့အတွက်ကို ဟင်းလျာများများ မရှိသေးတာပါ။ နောက်ကျရင်တော့ အများကြီး ရှိလာတော့မှာပါ။”

မိုဘိုင်က ခေါင်းတခါခါဖြင့်

“ငါဆိုလိုချင်တာ ဟင်းလျာ အရေအတွက် မဟုတ်ဘူး။ တန်ဖိုးကို ပြောတာ။ ဒီရန်ကျိူးထမင်းကြော်တစ်ပွဲ ကြေးဒင်္ဂါး ၆၀၀ တောင်လား။ နဂါးအသားနဲ့ ပြင်ဆင်ထားတာ မို့လို့လားကွာ။” 

မီနူးပေါ်မှ စာများအား လက်ဖြင့်ထောက်ပြကာ စိတ်မရှည်တော့သည့်လေသံဖြင့် ပြောလိုက်သည်။

မိုဘိုင်သည် အခမ်းအနား အပြင်အဆင်များကလည်း လှပ၊ ဆိုင်ရှင်ကလည်း ပုံစံမဆိုးလှသည့်အတွက် သူ့အား လူလည်မကျလောက်ဟု တွေးထားခြင်းဖြစ်၏။ မီနူးပေါ်က စာများ သေးလိုက်သည့် ဖြစ်ခြင်း။ သူ သေချာမကြည့်ပဲ မှာလိုက်လျှင် ကြေးဒင်္ဂါး ၆၀၀ အား အလကားသက်သက် သုံးမိအုန်းမည်။

ဖရိုင်ယာစားသောက်ဆိုင်တွင် ဆိုပါက ကြေးဒင်္ဂါး ၆၀၀ သည် မိုဘိုင်အတွက် အသားကင်ပွဲကြီးတစ်ပွဲ၊ ဝိုင် နှစ်မြူအပြင် အိမ်အပြန် သူ့ကိုယ်ပိုင် ဝိုင်ပုလင်းအား အပြည့်ဖြည့်ရန်အထိ လုံလောက်သည်။ သူ၏ မက်ဂ် အပေါ်ထင်ထားသော စိတ်ခံစားမှူ့ကောင်းများ ချက်ချင်း ပျောက်ကွယ်သွားလေသည်။

“လူသားတွေဟာ တကယ်ကို သူတို့အကျင့်ဆိုးတွေ ဖုံးကွယ်ရာမှာတော်ပြီး အကျင့်အပုပ်ဆုံးပါလား။...”

“စိတ်မရှိပါနဲ့ခင်ဗျာ။ နဂါးအသားကိုတော့ မသုံးထားပါဘူး။ ဒါပေမယ့် တန်ဖိုးကတော့ မမှားပါဘူး။ ကျွန်တော်တို့ ရန်ကျိူးထမင်းကြော်ဟာ ဒီတန်ဖိုးနှင့်တန်တယ့်အပြင် ပိုနေသေးတယ်လို့ထင်လို့ပါ။ လူကြီးမင်း စိတ်တိုင်းကျ ဆုံးဖြတ်နိုင်ပါတယ်ခင်ဗျာ။”

မက်ဂ်က အသနားလည်းမခံ မာနလည်းကြီးသောပုံ မပြပဲ ခပ်များများ မရှင်းပြတော့ကာ ပြန်ပြောသည်။
မက်ဂ်သည် တချို့သော စားသုံးသူများ ဈေးနှူန်းနှင့် ပတ်သက်၍ မေးခွန်းထုတ်ကြမည်ကို မျှော်လင့်ပြီး ဖြစ်၏။ သို့သော် သူ၏ ရန်ကျိုးထမင်းကြော်ပေါ်တွင် ယုံကြည်မှု့ အပြည့် ရှိသည်။

စားဖိုမှူးနတ်ဘုရားဖေဖေWhere stories live. Discover now