လာပါပြီ 😎😎 enjoy!
စားဖိုမှူး နတ်ဘုရားဖေဖေ
အခန်း (၁၇)မက်ဂ်သည် စားဖိုဆောင်ထဲသို့ပြန်ဝင်လာချိန်တွင် ထမင်းအိုးထဲရှိ ထမင်းမှာ အဆင်သင့်ဖြစ်နေပြီး ဖြစ်သည်။ ထမင်းတချို့ကို ခူးလိုက်ပြီး အအေးခံရန် ဇလုံထဲသို့ ထည့်ထားလိုက်သည်။ ထို့နောက် ထမင်းကြော်တစ်ပွဲစာ ပါဝင်ပစ္စည်းများအား သူ၏ ခရက်ဒစ်ဖြင့် ဝယ်၍ နောက်တစ်ပွဲအတွက် စတင် ပြင်ဆင်တော့သည်။
ကန့်သတ်ဝယ်ယူရေးအတွက်မူ မက်ဂ်သည် သေချာ
မစဥ်းစားနိုင်သေးချေ။ သူ၏ ပွဲရေ ၁၀၀၀ ရောင်းရမည့် မစ်ရှင်မှာ လွယ်ကူသည့်အလုပ် အလျဥ်းမဟုတ်။ သို့သော် အနာဂတ်၌ သူ၏ စားသောက်ဆိုင် နာမည်ကြီးလာချိန်တွင် ကန့်သတ်ဝယ်ယူရေးဗျူဟာသည် လူအများ အစားကောင်းအသောက်ကောင်း စားရစေခြင်းဖြင့် စားသုံးသူများအား လေးစားမှူကို ပြသရန် အခွင့်အလမ်းကောင်းဖြစ်လေသည်။စနစ်က ယခုလိုတိုက်တွန်းသည်ကိုလည်း မဟုတ်တရုတ် တခုခုကြံနေသည်ဟု မက်ဂ်ကယုံနေပြီး သူ့အား ယခင်ဘဝမျိုးပြန်ရောက်စေရန် ညဏ်ဆင်နေခြင်းသာဖြစ်မည်ဟု တွေးထင်နေသည်။
ထို့စဥ် စနစ်က ရုတ်တရက် ပြောသည်။
“စနစ်ရဲ့ အကြံပေးမူ့များဟာ သင်၏ စားဖိုမှူးနတ်ဘုရားဖြစ်ရန်လမ်းကြောင်းပေါ်ရောက်ရေးအတွက်သာ ဖြစ်ပါတယ်။”မက်ဂ် မျက်ခုံးတစ်ချက်ပင့်လိုက်သည်။ စနစ်သည် သူ၏စိတ်အား ဖတ်မည်ဟု မထင်ထား၍ ဖြစ်၏။ သို့သော် ထိုသို့ပြောခြင်းက သူ့အား မေးခွန်းပြန်မေးရန် လွယ်ကူသွားစေသည်။
“စနစ်, အဲ့လိုလမ်းကြောင်းပေါ်ရောက်ရေးအတွက် ငါလည်း တစ်ခု အကြံပြုချင်တယ်။”
“ပြောပါ။”စနစ်ကပြန်ဖြေသည်။
“မင်း ပါဝင်ပစ္စည်းဈေးကို တစ်ဝက်တိတိ လျှော့ချပေးသင့်တယ်လို့ငါထင်တယ်။”
မက်ဂ်က အတည်ပေါက်ကြီးဖြင့် ပြောလိုက်သည်။
“စနစ်က ထောက်ပံ့ပေးတဲ့ ပစ္စည်းတွေအကုန်လုံးက....”
“မင်းပေးတဲ့အကြံကိုလည်း ငါလိုက်လျောမယ်”မက်ဂ်သည် စနစ် စကားမဆုံးသေးခင်ပင် ဖြတ်ပြောလိုက်၏။
“.....”
ESTÁS LEYENDO
စားဖိုမှူးနတ်ဘုရားဖေဖေ
Fantasíaဇာတ်လမ်းအကျဉ်း စင်းမြို့တော်တွင် အလွန်ထူးဆန်းသော စားသောက်ဆိုင်တစ်ခုရှိသည်။ ဤဆိုင်၌ နတ်သူငယ်များ နှင့် လူပုများသည် စားပွဲတစ်လုံးကို အတူတူ မျှဝေစားသောက်ရပေမည်။လူ့ဘီလူးကြီးများသည် ထူးထူးခြားခြားကို ယဉ်ကျေးစွာ ပြုမူဆက်ဆံ နေကြပြီး၊ နဂါးများကိုလည်း စားသ...