အခန်း (၄)

454 63 0
                                    

အခန်း (၄)

မက်ဂ်က ရေပိုက်ကိုဖွင့်လိုက်ပြီး ရေတစ်ကျိုက်သောက်ချလိုက်ပါသည်။ထို့နောက် လက်နှစ်ဘက်ဖြင့် ဘေစင်အစွန်းကို ကိုင်ကာ အသက်ရှုလိုက်မှ ပြန်လည်အသက်ရှင်လာနိုင်သကဲ့သို့ ခံစားလိုက်ရသည်။ သူနိုးလာကတည်းက ရေငတ်နေခြင်းဖြစ်ပြီး ရေအနည်းငယ်သောက်ရမည့်အစား ထိုပန်ကိတ်ကို သူစားခဲ့သောကြောင့် ရင်ကြပ်သေဆုံးလုနီးပါးဖြစ်သွားခဲ့ပါသည်။ သူ့လည်ချောင်းမှာ ယခုချိန်ထိ ပူလောင်နေဆဲ ဖြစ်သည်။

သူ့အရင်ဘဝမှာသာဆိုလျင် မှတ်ချက်ဆိုးများ ထောင်ပေါင်းများစွာ ရှည်ရှည်ဝေးဝေးရေးပြီး စားသောက်ဆိုင်ကို မပိတ်ပိတ်အောင် လုပ်မိပါလိမ့်မည်။ ဒီလိုအရာမျိုးကို ဘယ်သူက ဘယ်လိုစားရမလဲ။

သူမသိလိုက်ခင်မှာပင် အေမီလေးသည် သူ့ဆီ ရောက်နေပြီဖြစ်ပါသည်။

"ဖေဖေ အဆင်ပြေရဲ့လား"
အေမီလေးက စိုးရိမ်တကြီးနဲ့ သူ့အင်္ကျီအစွန်း‌လေးကို ကိုင်ရင်း မေးနေပါသည်။

“ဒါပေါ့ ဖေဖေ အဆင်ပြေပါတယ်။
နည်းနည်းရင်ကြပ်သွားတာပါ”

မက်ဂ်သည် အေမီ‌လေးကို ချက်ချင်းငုံ့ကြည့်ကာ သူမ၏ဆံပင်ကို ပွတ်သပ်လိုက်ပြီး ပြုံးပြလိုက်သည်။ ဒီလိုမျိုး စိတ်ပူပြီး အားကိုးနေတဲ့ အေမီပုံလေးက သူ့နှလုံးသားကို နွေးထွေးစေပါသည်။
ပန်ကိတ်အပေါ်ထားတဲ့ သူ့ရဲ့ နာကြည်းမှုတွေတောင်မှ လျော့ပါးသွားပါသည်။

ယခုအချိန်တွင် သူသည် သာမန်ဖခင်တစ်ဦးသာဖြစ်ပြီး ယခင်ဘဝက လုပ်ခဲ့သည့်အရာများကို လုပ်ချင်စိတ်မရှိပေ။ ပြန်တောင် မပြန်ချင်တော့ပါဘူး။

ထိုအခါမှ အေမီလေးက သက်ပြင်းချလိုက် ပါသည်။ ထို့နောက် မျက်စောင်းလေးထိုးကာ

“ဖေဖေက ဖြည်းဖြည်းစားသင့်တယ်။ ပန်ကိတ်တွေက ကောင်းတယ်၊ ဒါပေမယ့် အလျင်စလို မစားသင့်ဘူးလေ။ဖြည်းဖြည်းစားရမှာ‌ပေါ့ အဲ့ဒါဆို ခုလိုရင်ကြပ်‌ တော့ဘူး”

"ဟုတ်တယ် အေမီလေး မှန်တယ်"
မက်ဂ်သည် အေမီ၏ မျက်လုံးများကို ကြည့်ရင်း စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်သည်။ သို့မှသာ ကလေး‌ပေါက်လေးက ကျေနပ်စွာ ထိုင်ခုံဆီသို့ ပြန်သွားခဲ့သည်။

စားဖိုမှူးနတ်ဘုရားဖေဖေHikayelerin yaşadığı yer. Şimdi keşfedin