၈.၁

370 82 2
                                    

အခန်း (၈.၁)

ယခုလေးတင် ကြော်ထားသော ရန်ကျိုးထမင်း‌ ကြော်သည် အငွေ့တထောင်းထောင်းထလျက် ရှိနေသည်။ ကြက်ဥနှင့် ကြက်သွန်မြိတ်တို့၏ ရနံ့များသည် အေမီ၏ နှာသီးဝကို ကျီစယ်နေလေသည်။အေမီသည် မနေနိုင်ပဲ  အားပါးတရ ရှူရှိုက်လိုက်‌မိသည်။ထို့နောက် သူမရှေ့တွင် ရှိနေသော ထမင်းကြော်ကို တောက်ပနေသည့် မျက်လုံးလေးများနှင့်ကြည့်လိုက်သည်။

ထမင်းစေ့တိုင်းသည် ရွှေရောင် တောက်ပနေသကဲ့သို့  ဥအနှစ်လွှာများဖြင့် ဖုံးအုပ်ထားသည်။ ထို့အပြင် ရွှေရောင်သာမက အစိမ်း၊ အနီ၊ အဖြူ၊ အရောင်အမျိုးမျိုးကိုလည်း ရောစပ်ထားလေသည်။ ထိုအရာကိုကြည့်ပြီး အေမီသည် တံတွေးများ မမျိုချပဲ မနေနိုင်ပေ။ သူမသည် မက်ဂ်ကို မော့ကြည့်လိုက်ပြီး

“‌ ဖေဖေ သက်တန့်ကြီးကို ဖြုတ်ပြီး ချက်ထားတာလား” ဟု အံ့သြစွာ မေးလိုက်သည်။

"ဘယ်လို" မက်ဂ်သည် သူမနှင့် ဆန့်ကျင်ဘက်တွင် ထိုင်နေပြီး သူမ၏ စကားကြောင့် အံ့သြသွားသည်။ မက်ဂ်သည် ရောင်စုံထမင်းကြော်ကို ကြည့်လိုက်သည်။၎င်းသည် ကွဲအက်နေသော သက်တန့်တစ်ခုလို ဖြစ်နေပုံရသည်။ ကလေးဆန်ခြင်းသည် အမှန်တကယ်ပင် ကမ္ဘာပေါ်တွင် စိတ်ဝင်စားစရာအကောင်းဆုံးအရာဖြစ်သည်။
မက်ဂ်က ခေါင်းညိတ်ကာ ပြုံးလိုက်သည်။

“ဟုတ်တယ် ဒါက သက်တန့်ထမင်းကြော်ပဲ။ အေမီလေး စားကြည့်လေ"

"ဟင့်အင်း ဖေဖေ အရင်စားပြီးမှ စားမယ်"
အေမီက ခေါင်းယမ်းလိုက်ပြီး ထမင်းကြော်တစ်ဇွန်းကို အပြည့်ထည့်လိုက်ကာ မက်ဂ်ကို စိတ်အားထက်သန်စွာ ခွံ့လိုက်သည်။

"အေမီလေး အရင်စားပါ ရပါတယ်။  ဖေဖေက ဗိုက်မဆာဘူး။ နောက်မှ စားမယ်။"
မက်ဂ်က ခေါင်းယမ်းကာ ပြုံးလိုက်သည်။

"မရပါဘူး။ အေမီအတွက် မနက်စာချက်ဖို့ ဖေဖေက စောစောထတာဆိုတော့ ဖေဖေက အေမီလေးထက် ပိုဆာနေမှာ"
အေမီသည် နှုတ်ခမ်းလေးစူလိုက်သည်။ သူမသည် ဇွန်းကို ဆက်ကိုင်ထားပြီး အားအနည်းငယ်သာ ရှိသောကြောင့် အနည်းငယ် လှုပ်သွားသော်လည်း ပြန်ယူရန် လုံးဝ ရည်ရွယ်ချက်မရှိပေ။

စားဖိုမှူးနတ်ဘုရားဖေဖေWhere stories live. Discover now