အခန်း (၆.၂)

396 72 2
                                    

Merry Christmas ☃️☃️☃️
Enjoy!

စားဖိုမှူးနတ်ဘုရားဖေဖေ
အခန်း (၆.၂)

လှီးဖြတ်ထား‌သော ကြက်သွန်မြိတ်နှင့် ဥများ၏ မွှေးရနံ့သည် နှာခေါင်းကို ကျီစယ်နေသည်။ဆန်စစေ့အရွယ် ပုဇွန်နှင့် ဝက်ပေါင်ခြောက်၏ သွင်ပြင်သည် အလွန်ချောမွေ့နေသည်။ထို့နောက် ဥအနှစ်ဖြင့် အုပ်ထားသော ထမင်းကို ကောင်းစွာ ဝါးလိုက်သောအခါ ချိုမြသော အရသာထွက်‌ ပေါ်လာသည်။ ပါဝင်ပစ္စည်းတိုင်း၏ အရသာသည် ပါးစပ်ထဲတွင် အရည်ပျော်သွားပြီး အရသာခံဖုများကို နှိုးဆွလိုက်သည် ။ အားလုံးကို မျိုချပြီးသည့်​တိုင်​ သူ့ပါးစပ်​တွင် မွှေးရနံ့များ ပြည့်​​နေ​သေးသည်​။

ဒီအရသာက မယုံနိုင်လောက်အောင် ကောင်းလွန်းပါတယ်။

ရန်ကျိုးထမင်းကြော်သည် ဤမျှအထိကောင်းနိုင်ကြောင်း ပထမဆုံးအကြိမ်အဖြစ် သူသဘောပေါက်ခဲ့သည်။

တစ်ဇွန်းလောက် စားခြင်းဟာ တကယ်ပဲ မလုံလောက်ပါဘူး။ မက်ဂ် သည် ပြန့်ကျဲနေသော တိမ်တိုက်များကို လွင့်စင်သွားစေသည့် လေ‌ပွေကဲ့သို့ အချိန်တိုအတွင်း တစ်ပန်းကန်လုံး ကုန်အောင် စားလိုက်သည်။ သူ ပါးစပ်ထဲကို နောက်ဆုံးကျန်ရှိ‌နေသော ဥအနှစ်လွှာဖြင့် ဖုံးအုပ်ထားသည့် ထမင်းစေ့ကို လျှာနဲ့ လျက်လိုက်ပေမယ့် တစ်ချိန်တည်းမှာပဲ သူသည် နောက်ထပ် ထပ်စားချင်နေပါသေးသည်။ ဒါက တကယ်ကို စွဲမက်စရာပါပဲ။

အေမီက ဒါကို သဘောကျမှာ သေချာတယ်။‌‌ နော်လန်တိုက်ကြီးမှာရှိတဲ့ အစားကြိုက်သူတွေအတွက်တော့ ဘယ်သူမှ ဒီအရသာကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။ ဇွန်းကိုချလိုက်ပြီး မက်ဂ်သည်ထမင်းကြော်၏ အရသာကို ပြန်တမ်းတ ပုံဖော်နေသည်။ ရက်ပေါင်း တစ်ရာကြာအောင် တူညီသည့်အရာတစ်ခုတည်းကို လုပ်ခြင်းကြောင့် စိတ်ဓာတ်ကျရမည့်အစား သူသည် စိတ်လှုပ်ရှား‌ နေပြီး လန်းဆန်းမှုကို ခံစားရသည်။

မကြာမီ ငါးမိနစ် ကုန်ဆုံးသွားသည်။ ရုတ်တရက် မက်ဂ်သည် မျက်လုံးတစ်ဖက်တွင် အဖြူရောင်အလင်းတန်းတစ်ခုကို ခံစားလိုက်ရသည်။မျက်လူံး ပြန်ဖွင့်လိုက်သောအခါတွင် သူသည် သူ့ကုတင်ပေါ်တွင် လဲလျောင်းနေပြီဖြစ်သည်။

စားဖိုမှူးနတ်ဘုရားဖေဖေTahanan ng mga kuwento. Tumuklas ngayon