1

24.4K 477 3
                                    

Unicode
*********

မီးရောင်ထိန်ထိန်လင်းလျှက် လူအများပြား စုဝေးနေသော အဆောက်ဦးတစ်ခု...။ ရှင်းရှင်းပြောရလျှင် ပြားပန်းခတ်လှုပ်ရှားနေသော ထိုအဆောက်ဦးကြီးမှာ ဒီနှစ်ရဲ့ အကယ်ဒမီပေး‌ပွဲ စီစဉ်ရာ ပွဲတော်တစ်ခုဖြစ်ပေသည့် ရာဇ် ဟိုတယ်ပင်။အဝင်လမ်းဝကအနီရောင် ကော်ဇောထက်မှာ လှပကျော့ရှင်းစွာ လျှောက်လှမ်းနေတဲ့ ခြေလှမ်းတွေနှင့်အတူ သတင်းထောက်တွေရဲ့ ကင်မရာမီးရောင်တွေကလည်း နံဘေးမှာ တဖျပ်ဖျပ်လက်လို့..။

"ဟေး..သစ်ခက်ဆွေးလာပြီ ဟိုမှာ သူတို့ကား လာပြီ..."

ပြိုင်ကားအနက်ရောင်တစ်စီးက ကော်ဇောနီရဲ့ အစပ်နားမှာ ရပ်တန့်သွားပြီး သတင်းထောက်တွေကလည်း ထိုကားကို ဓာတ်ပုံအလုယှက် ဝိုင်းရိုက်တော့သည်။ထိုကားတံခါးပွင့်လာပြီး ပထမဆုံးဆင်းလာတဲ့ ဒေါက်ဖိနပ်မြင့်မြင့်နှင့် ခြေတံသွယ်သွယ် တစ်ဖက်..။ နောက်တော့ ကျောလယ်ခန့်ရှိ မဟော်ဂနီဆံနွယ်တွေကို လှိုင်းကြီးတွန့်ပြီး ကျောပြင်ထက်မှာ ဖြန့်ချထားတဲ့ မိန်းမလှလေးတစ်ဦးက ကားပေါ်ကနေ ကျော့ရှင်းစွာ ဆင်းလို့လာသည်။

နက်စွေးနေတဲ့ ပိုးဖဲကတ္တီပါစကို ပေါင်လည်ထိ ခွဲထားတဲ့ ရေသူမသဏ္ဍာန် အင်္ကျီက သူမရဲ့ ခန္ဓာကိုယ်အလှကို မျက်စိမလွှဲနိုင်အောင် ဖမ်းစားထားလေသည်။ သူမကတော့ နိုင်ငံ့ထိပ်တန်းမင်းသမီးတစ်ဦးဖြစ်သလို Omega တစ်ယောက်ဖြစ်တဲ့ သစ်ခက်ဆွေးဆိုသည့် မိန်းကလေးပင်။ကားပေါ်က ဆင်းလာတဲ့ သစ်ခက်ဆွေးက သတင်းထောက်တွေဖက် လှည့်ပြီး ပြုံးပြလိုက်သည်။

"အား!!! ငါ့နတ်ဘုရားမလေးရေ...လှလိုက်တာ...၊ အပြုံးလေးတစ်ပွင့်နဲ့တင် သေလောက်တယ်.."

သူမအပြုံးအောက်မှာ နှစ်ဝင်နေတဲ့ လူတွေကို သစ်ခက်ဆွေး သွားတက်လေးတွေပေါ်အောင် ပြုံးပြလိုက်ပြီး ကြိုဆိုရေး MC ကို နှုတ်ဆက်လိုက်သည် ။

"ကျွန်မ နောက်မကျသေးပါဘူးနော်"
"အိုး ရွှေမင်းသမီးလေးရယ် နောက်မကျပါဘူး...နောက်မကျပါဘူး..၊စော‌ပါသေးတယ်..၊လာ ကျွန်တော် လမ်းပြပါရစေ.."
"အိုးခဏလေးရှင့်..ကျွန်မရဲ့ မောင်လေးကိုပါ ခေါ်လာလို့ ပွဲထဲခေါ်လာခဲ့လို့ ရမလားရှင့်"

I Need You ( Completed)Where stories live. Discover now