34

3.2K 139 0
                                    

Unicode
*********

ဦးထွဋ်ရှိန် သွေးကျဆေးသောက်ပြီး သူ့စိတ်သူ လျော့ချကာ ဧည့်ခန်းမှာ ထိုင်နေလိုက်သည်။

"အမလေး ငါသွေးတက်!!၊ ဒီ ကလေးတွေလဲ ခုထိ ထွက်မလာသေးဘူး"

ပြောပြီး ဂနာမငြိမ်စွာ ရှေ့နောက်တောင်မြောက် ပတ်လျောက်နေမိသည်။

"ပါပါး...၊

သမီးကြီး အသံကြောင့် ဦးထွဋ်ရှိန် တန့်သွားပြီး လှည့်ကြည့်မိသည်။

"ဘာဖြစ်လို့လဲ ပါးပါး ၊ အသံကြားလိုက်လို့ အိမ် သူခိုးကပ်လို့လား၊ မိုးတောင် မလင်းသေးဘူး"

"မဟုတ်ဘူး၊ ပါး အိပ်မရလို့ ရေ‌ဆင်းသောက်တာ၊ ခဏနေ ပြန်အိပ်တော့မှာ၊သမီးလည်း ပြန်အိပ်တော့လေ ၊ သွား သွား.."
"ဟုတ်ပါး"

‌သစ်ခက်ဆွေး မျက်လုံး အသာပွတ်ရင်း အခန်းထဲ ပြန်ဝင်မည့်အခိုက်တွင်ပင် မျက်ဝန်းထောင့်က ပုံရိပ်တစ်ခု။ ရာဇ်ဟာ မောင်ငယ်ကို ပွေ့ချီပြီး ဧည့်ခန်းထဲ ဝင်ရောက်လာလေခြင်း။ ပြီးတော့ ရနံ့များ.....။ စာရွက်နံ့ သင်းသင်းကြားက ချိုမွှေးမွှေးရနံ့များ......။ သူတို့တွေ .. သူတို့တွေ ပေါင်းစပ်သွားခဲ့ပြီ။

နှလုံးသားကတော့ ဆစ်ခနဲ။

သစ်ခက်ဆွေး အားတင်းပြုံးရင်း

"မောင်ငယ်...၊ ဘာဖြစ်လို့လဲ ညကြီးမင်းကြီး"
"အာ...မမ"

ကျောက်စက်သွေး အားနာစွာ ရာဇ်ပေါ်ကနေ ဆင်းလိုက်သည်။

ပါပါးရဲ့ ပျက်ယွင်းနေတဲ့ မျက်နှာနှင့်အတူ မောင်လေးတို့ရဲ့ ပုံစံကြောင့် သစ်ခက်ဆွေး အခြေနေကို မှန်းဆနိုင်သွားသည်။

"ပါပါး သမီးနဲ့ ရာဇ်တို့ လမ်းခွဲပြီးတာ ကြာလှပြီ၊ နှစ်ဝက်ကျော်နေပြီ၊ ဒါကြောင့် မောင်လေးနဲ့ ရာဇ်နဲ့တွဲတာက ဖောက်ပြန်တာလဲ မဟုတ်သလို သမီးအပေါ် မှားယွင်းတာလဲ မရှိဘူး။ ဒါကြောင့် မောင်လေးကို မဆူပါနဲ့"

သူဆူရမယ့် စကားတွေကို သမီးကြီးက ဦးစွာ ကာထေးသွားတာကြောင့် ဦးထွဋ်ရှိန် ပိုလို့တောင် သွေးတက်လာရတော့သည်။ ဒီကလေးတွေကတော့!

"မဟုတ်သေးဘူးလေ၊ ဘယ်လိုပဲပြောပြော ကိုယ့်အမရဲ့ ကောင်လေးနဲ့ ထတွဲတာကြီးကတော့ မျက်နှာပူစရာကောင်းတယ်မဟုတ်လား"
"ဘာပူစရာရှိလို့လဲ ပါးရဲ့၊ ရာဇ်နဲ့ သမီးက လက်ထပ်ထားတာလဲ မဟုတ်၊ ကာမပိုင်ယောကျာ်းမဟုတ်သ၍ အိမ်ထောင်ဖက်ကို သူလည်း လွပ်လပ်စွာ ရွေးချယ်ခွင့် ရှိတယ်လေ။ ပါး မကြားဖူးဘူးလား၊ ရည်းစားတစ်ထောင် လင်ကောင်းတစ်ယောက်တဲ့"

I Need You ( Completed)Where stories live. Discover now